"လာလေ...hyungအခန်းကို လိုက်ပို့ပေးမယ်...."

"အင်း..."

အပိုတွေမပြောမိဘူး...ရှက်နေသေးတယ် သူရဲရဲတင်းတင်းနမ်းပစ်လိုက်တာ ကိုယ့်ရဲ့first kissလေ....

ကိုယ်တိုင်ကလဲမငြင်းဆန်မိဘူး ကိုယ်ကလဲသူ့အပေါ်ပြိုခဲ့သည်ကို....

နက်စွေးပြီးတောက်ပြောင်နေတဲ့ လှေကားဆီတက်သွားတဲ့ လက်ရန်းတွေကိုထိကိုင်ရမှာတောင် နှမြောမိတဲ့အထိပဲ....

လှေကားရဲ့ဘယ်ဘက်မှာ အခန်းတစ်ခန်းဟာ ကြည့်ရုံနဲ့တင် ဝမ်းနည်းရိပ်သန်းစေသလိုမျိုး တစ်ခုခုကိုသတိရမိသလိုမျိုး လွမ်းလာမိတယ်...

လှေကားရဲ့ညဘက်မှာ အခန်းနှစ်ခန်း တစ်ခန်းကတော့ ဘယ်သူနေပါတယ်လို့မေးစရာလိုမည်မထင် နက်ဆွေးခြင်းအပြိုင်မှောင်တိနေတဲ့ အိမ်ကြီးရှင်ရဲ့အခန်း...

သူ့ဦးဆောင်ရာလှေကားအတိုင်းတက်လာပြီး သူ့အခန်းဘေးကကပ်ရပ်အခန်းဟာ တစ်အိမ်လုံးကွဲပြားစွာ...

အခန်းတံခါးက နာမည်ပြားလေးကအစ သူကိုယ်တိုင်လုပ်ထားတယ်ဆိုတာ မျက်စိမှိတ်ယုံလို့ရတယ့်...

ဘာတဲ့..
"ကိုယ့်ရဲ့Hyungငယ်"တဲ့...

နောက်ပြီးအောက်ဖက်မှာ စာလုံးသေးသေးနဲ့ထွင်းထားတဲ့စာတန်းလေးဟာ သူဖွက်ထားချင်သိပ်သိသာလွန်းတယ်..

"အပြင်လူမဝင်ရ"တဲ့လေ....

သိပ်ကဗျာဆန်တဲ့မဟုတ်ပေမယ့် သူ့ဟာပါလို့ကြွားချင်တာ အတိုင်းထက်လွန်ပဲ...

"လာလေHyung..."

ရှေ့ကနေဝင်တဲ့သူက ဘာမှမသိတော့သယောင် ကိုယ့်မှာရှကနေတုန်းရှိသေးတယ် အခန်းဝကနာမည်ပြားကြောင့် ရှက်စိတ်ကနှစ်ဆ....

"ဒါhyungနေရမယ့်အခန်း..."

သူ့အခန်းလို့ပြောတာနဲ့ အံ့သြနေတဲ့မျက်နှာလေးက ဖျစ်ညှစ်ချင်စရာလေး အသဲယားလိုက်တာနော် ဒီထက်ပိုလာရင်နမ်းမိတော့မှာ ချုပ်စမ်း ထိန်းစမ်းကွာ...

"ဒါကကွဲပြားမနေဘူးလား...."

မျက်နှာလေးညိုးသွားတာသိသာလွန်းတယ်...

မောင့်အရိပ်Where stories live. Discover now