"မလန့်ပါနဲ့...ဘာမှမဖြစ်ဘူး...ကိုယ့်ကိုသနားသလိုမကြည့်နဲ့....."
မျက်နှာငယ်လေးနဲ့ကြည့်နေတာ အသဲယားလွန်းလို့ပါ ဒီကကောင်ကို ဘယ်လိုခြွေပြရမလဲဆိုတာ သူသိပ်သိလွန်းတယ်....
ကိုယ့်ကိုသနားသလိုကြည့်လာရင် မာနကလက်မခံပါ...တခြားသူဆိုရင် သေနေလောက်ပြီ ဒီmafiaကို နူတ်ခမ်းထူထူလေးနဲ့ခြွေပြနေသော လူသားမို့အသဲတယားယားဖြစ်နေတာ....လူကိုရူးအောင် ပြုစားနေသောHyungငယ်...
"ဘာလို့လဲ သနားသလိုကြည့်တာမကြိုက်ဘူးလားဟင်..."
အသက်ငယ်ငယ်နဲ့ မိဘမဲ့ဖြစ်ရသည်မို့ သနားပိုကာကြည့်မိတော့ သူ့ရုပ်ကပြုံးဖြီးဖြီးနဲ့ လူကိုအသဲယားနေသလိုပဲ....
"မကြိုက်တာတော့အမှန်ပဲ....ဒါပေမယ့် ကိုယ့်ကိုဖက်နမ်းချင်စိတ်ပေါက်အောင်တော့ မကြည့်နဲ့လေကွာ..."
"အာ....မ...မင်း...."
ရှက်သွားမှ နီရဲလားနားရွက်လေးနဲ့ ပါးမို့မို့လေးဟာ နမ်းချင်စရာအတိ....
"ဘာလို့လဲရှက်လို့လား...."တဲ့..
လူကိုနမ်းမယ်ပြောတာ မရှက်လို့ပျော်နေရမှာလား ဟွန့်...
"ဘာ...မင်းနော်...."
အခုမှပိုကဲအရှက်သည်းနေတာပျောက်ပြီး ဆူတော်လာတဲ့နူတ်ခမ်းလေးနဲ့ ရန်တွေ့ပြန်ရော မတက်နိုင်ဘူးကွာ ထိုးချင်ထိုးပါစေတော့..
"မင်းကိုယ့်ကိုပြီးမှလုပ်ချင်လုပ်နော် မရတော့ဘူး..."
"ဘာကို...အွန့်...."
သူပြောချင်ရာပြောပြီး နူတ်ခမ်းပေါ်ကျရောက်လာတဲ့ နူတ်ခမ်းပါးပါးလေးတစ်စုံ....
စိတ်လှုပ်ရှားလွန်းလို့ကြောင်ရက်သားနဲ့ မတုံပြန်မိ....
မတုံပြန်ဘူးဆိုတာ တွန်းဖို့မေ့နေတာကိုနော် တခြားဟာမတွေးနဲ့....
နူတ်ခမ်းပါးပါးတွေက အရိုင်းဆန်စွာပြုမူတဲ့အခါ နူတ်ခမ်းဖူးဖူးလေးဟာ တမေ့တမောခစားရပြန်တယ်...
ပြွတ်စ်...
နက်နက်ရိူင်းရိူင်းနမ်းပြီးနောက် အပိုအနေနဲ့ နူတ်ခမ်းကိုပိုပိုသာသာလေးစုတ်ဆွဲလိုက်တော့ မောနေရငးတောင် လှလှပပမျက်စောင်းလေးက ကျလာပြန်ရော....
