အခန်း (86)

Start from the beginning
                                    

သို့သော်လည်း ရှန်ထျန်းက လုံးလုံး မငြင်းဆန်ခဲ့ပေ။

ဆိုလိုတာက သူ တကယ်ကြီး ဖြစ်နေတာပေါ့

ရုတ်ချည်းဆိုသလို ဧည့်သည်တော်များက ရှန်ထျန်းအား အမြင်တမျိုး ဖြစ်လာကြသည်။ အထူးသဖြင့် လီလျန်အာကို မည်သူမှန်း သိနေကြသူတချို့ ဖြစ်၏။

သူတို့က ထိုမိန်းကလေးသည် မည်မျှ ထူးခြားနေကြောင်း သိနေ၍ ရှန်ထျန်းအား အားကျတကြီး ကြည့်လိုက်ကြသည်။

သူမ အဖေက ချန်းဟယ် ဓားအသျှင် လီခန်းလန် ဖြစ်ပြီး ထိုင်ပိုင်ချိုင့်ဝှမ်း၌ အကျော်ဇေယျတစ်ဦး ဖြစ်၏။

သူက အကြီးအကဲတစ်ဦးမျှ ဖြစ်သော်လည်း ဂိုဏ်းချုပ် ဖြစ်လာနိုင်သည့် အရည်အချင်း ပိုင်ဆိုင်ထားသည်။

သို့သော်လည်း သူက ထိုကိစ္စကို စိတ်မဝင်စားသည်မှာ သူ့အတွက် အရေးမပါ၍ ဖြစ်သည်။ သူက ထိုအချိန်ကို ဓားပညာရပ် မွမ်းမံဖို့သာ အသုံးပြုလိမ့်မည်။

တကယ်တော့ လီခန်းလန်သည် ယနေ့အထိ အရှေ့ပိုင်းလွင်ပြင်၌ ပြိုင်ဖက်ကင်း ဖြစ်နေဆဲ ဖြစ်၏။ သူနှင့် သက်တူရွယ်တူ လူများပင် လက်ရည်မသာကြပေ။

အကယ်၍ သူ့သမီးဖြစ်သူကို လက်ထပ်ပြီး သူ့မျက်နှာသာပေးခြင်း ခံခဲ့ရလျှင် အထွတ်အမြတ်မြေ၌ အတွင်းစည်း တပည့် ဖြစ်လာရခြင်းထက် ပိုကောင်းသေးပေသည်။ ထို့ကြောင့် ရှန်အောင်းအနေနှင့် အထွတ်အထိပ်ရှင် ကျီယန်အား ဆရာအဖြစ် ရှိနေခြင်းက သိပ်အရေးမကြီးချေ။

ယခု ဧည့်သည်တော်အားလုံးက တူညီသော ကိစ္စကို တွေးကုန်ကြသည်။

လန်နန်းဆောင်ဆီ ပို့ဖို့ နောက်ထပ် လက်ဆောင်ကောင်းကောင်း ထပ်ပြင်လိုက်သင့်လား …

ရှန်အောင်းအား ကနဦး စိတ်ဝိညာဉ်အဆင့် ဆရာတစ်ယောက် ရှိခြင်းအတွက် လက်ဆောင် ပေးထားပြီးပြီ ဖြစ်ရာ  ယခု မင်းသား(၁၃)က ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ယောက္ခမ ရှိလာပြီ မဟုတ်ပါလော။

ဘယ်လိုလုပ် လက်ဆောင် မပေးဘဲ နေလို့ကောင်းမှာလဲ …

အထွတ်အထိပ်ရှင် ကျီယန်နှင့် ရှန်ထျန်းတို့က လက်ဆောင်များကို မျက်လုံးထဲပင် မထည့်ပေ။ သို့သော် သူတို့က လက်ဆောင်တစ်ခုမှ မပေးခဲ့သည်ကို မှတ်မိသွားခဲ့လျှင် အရှေ့ပိုင်းလွင်ပြင်မှ ရွေ့ပြောင်းသွားရလိမ့်မည်။

ကံကြမ္မာ ဖန်တတ်ပါ့လေ Book I [MM Translation]On viuen les histories. Descobreix ara