အခန်း (86)

1.6K 279 3
                                    

ကံကြမ္မာဖန်တတ်ပါ့လေ စာစဥ် ၆
ဘာသာပြန် *** Fortuna

အခန်း (၈၆)

မသွားလို့ ရမလားဟင်

ဒါက စီနီယာအစ်ကိုကြီး ရှာချင်နေတဲ့ ကောင်လေးလား …

အထွတ်အထိပ်ရှင် ကျီယန်က စိတ်ထဲ ကျိတ်တွေးလိုက်သည်။

ခပ်ချောချောကောင်လေးပါ့လား … သူသာ ငါတို့ ထိုက်ပိုင်ချိုင့်ဝှမ်းကို ဝင်လိုက်ပြီး ငါတို့ ဓားပညာရပ်တွေကို သင်ယူလိုက်ရင် အရမ်းကို နာမည်ကြီးလာမှာပဲ …

အဲလေ … အရင်ဆုံး အစ်ကိုကြီး ဓားအောက် အသက်ရှင်ဖို့ လိုသေးတယ် …

ဘယ်လိုဖြစ်ဖြစ်ပါ အစ်ကိုကြီးက သူ့ကို တကယ် မသတ်လောက်ပါဘူး။ ဓားပညာရပ်ပေါ် သင်ခန်းစာပေးရုံလောက် နေမှာပါ … အဲဒါကလည်း ရှန်ထျန်းအတွက် ရေရှည်ကျ အကျိုးရှိမှာပဲလေ

ချန်းဟယ် ဓားအသျှင် လီခန်းလန်က အကျော်ဇေယျ ပုဂ္ဂိုလ်ပဲလေ …

အထွတ်အမြတ်မြေက တပည့်များတောင် သူ့ဆီကနေ သင်ယူဖို့ စိတ်ဝင်စားနေကြသည် မဟုတ်ပါလော။

အထွတ်အထိပ်ရှင် ကျီယန်က ရှန်ထျန်းနှင့် လီလျန်အာတို့ စကားဝိုင်းဆီ ဝင်ရောက်လာသည်။

ရှန်ထျန်း၏ လီလျန်အာအပေါ် အပြုအမူကို ကြည့်ကာ မဲ့ရွဲ့သွားလေ၏။

သူက လီလျန်အာကို တစ်ဖက်ဆွဲခေါ်လိုက်ပြီးနောက် ပြောလိုက်သည်  “ ဒီတစ်ခါ မှန်ရင်တော့ မင်းက ဆရာနတ်မင်း ရှန်အောင်းထျန်းပဲ နေလိမ့်မယ် ဟုတ်တယ်မလား ”

အထွတ်အထိပ်ရှင် ကျီယန်က ဤတစ်ကြိမ်၌ အရမ်းသတိထားနေသည်။

ရှန်ထျန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်း  “စီနီယာ ထာဝရကျင့်ကြံသူက ကျွန်တော်ကို ဘာလို့များ ရှာနေတာပါလဲ။ ကျွန်တော်က ထိုက်ပိုင်ချိုင့်ဝှမ်းနဲ့ တစ်ခါ ကံပါပြီးပါပြီ … ဒီအတိုင်းလေး ထားလိုက်သင့်ပါတယ် ”

ရှန်ထျန်း စကား ထွက်ပေါ်လာသည့်အခါ အားလုံး အံ့အားသင့်ကုန်ကြသည်။

ဘယ်လို ဘယ်လို … မင်းသား (၁၃)က မငြင်းဘူးလား …

အထွတ်အထိပ်ရှင် ကျီယန်နှင့် လီလျန်အာတို့က သူ့အား မှတ်မိလိုက်ကြသော်လည်း ဧည့်သည်တော်များက ရှန်ထျန်းကို မယုံနိုင်သေးပေ။ အထွတ်အထိပ်ရှင် ကျီယန်က အမှားတစ်ခါ လုပ်ထားဖူးသူ မဟုတ်ပါလော။

ကံကြမ္မာ ဖန်တတ်ပါ့လေ Book I [MM Translation]Tempat cerita menjadi hidup. Temukan sekarang