"ရပါတယ် အန်ကယ် အပေါ်မှာပဲနေတော့မယ်"
"သားအဖေကိုရောပြောပြီးပြီလား အန်ကယ်ဖုန်းဆက်ပေးရမလား"
"မဆက်နဲ့ဦးအန်ကယ် ဖေကြီးပြန်လာမှပဲသိပါစေ"
"ဒါဆိုသားနားလိုက်ဦး သားအတွက်လိုတာတွေအန်ကယ်ပြင်ထားဦးမယ်"
အန်ကယ်ထွက်သွားတာနဲ့သူလည်းအခန်းထဲဝင်လာပြီးလှဲနေမိသည် ။ဒီရက်ပိုင်းအားမရှိတာမို့ခုနကတောင်ယိုင်သလိုဖြစ်သွားသေးသည် ။မောင်သူ့ကိုယ်သူအပြစ်တင်နေဦးမလားမသိ ၊မောင်စိတ်တိုနေပေမယ့်
သူ့ကိုကြာကြာမပစ်ထားနိုင်မှန်းသူသိပါသည်။"သားဖေကြီးကသားကိုစိတ်ဆိုးနေတယ်သားရေ"
ကလေးလေးရှိနေသည့်ဗိုက်ကိုသူဖွဖွပုတ်ရင်း
ပြောနေမိသည် ။အနည်းဆုံးတော့သူ့သားလေးက
မောင်မရှိတုန်းသူ့ကိုအဖော်ပြုပေးလိမ့်မည်။<<<>>>
"ဒါဆိုဒါတွေကိုဒီလအတွင်းအပြီးလုပ်ကြမယ်နော်
ဒီကိစ္စနဲ့ပတ်သတ်ပြီးရှယ်ယာရှင်တွေအနေနဲ့ရောဘာပြောစရာရှိသေးလဲ""မရှိတော့ပါဘူး မောင်ခွန်းလက်ယာအဆင်ပြေသလိုလုပ်လိုက်ပါ"
Ceoကိုယ်ဝန်ရပြီးတည်းကအပြောအဆိုတွေကောင်းလာတယ်ဟုထင်မိသည် ။အရင်ဆိုကုမ္ပဏီအစည်းအဝေးတိုင်းသူ့ဆုံးဖြတ်ချက်တစ်ခုသာအရေးကြီးသူကအခုအကုန်လုံးသဘောထားတွေကိုပါမေးကြည့်နေသည် ။ ကိုယ်ဝန်သည်လို့သာပြောရတာပိုချောလာတဲ့Ceoကြောင့်သူ့မှာအားရင်အားသလိုငေးမိသည်။
အရင်ဘဝတည်းကရန်သူတွေလို့တောင်ထင်ရတဲ့
ဦးထက်မြတ်အောင်တို့နှင့်လည်း အတော်အဆင်ပြေနေသည် ။"Ceoနွားနို့ရပါပြီ"
"အင်း ထားခဲ့တော့"
ကွန်ပျူ တာထဲသာခေါင်းနှစ်နေပြီးအာရုံထားနေတဲ့
Ceoကိုသနားသလို ချစ်ရက်သားနဲ့ပစ်ထားတဲ့ဟိုလက်ရဲဇက်ရဲရှိတဲ့လက်ရဲဇက်ရဲကိုလည်းသူဒေါသဖြစ်မိသည် ။ပန်းအိုးအနောက်ကတစ်နေရာကနေသူအခန်းထဲကိုကြည့်ချင်ကြည့်နေမှာပေါ့။"အကို"
"အော် ခန့်ထိုင်လေ ဒေါက်တာလည်းပါတာလား"
YOU ARE READING
မောင့်လက်ယာ(မောင့်လက်ယာ){completed}
Randomstory description>>>>> start-5/10/2021 end-1/1/2022
Ep-25
Start from the beginning