Part 1 ( Uni )

2.5K 153 22
                                    

မသိဘူး...ချစ်တယ်

Unicode

Part 1

"ချယ် ရေ မေမေ့ကို ဘုရားပန်းအိုးတွေယူခဲ့ပေးကွယ် ။ "

မနက်မိုးလင်းပြီဆိုတာနှင့် အောက်ထပ်မှမေမေ၏ လှမ်းခိုင်းသည့်အသံကပထမဆုံး ချယ့် နားထဲသို့တိုးဝင်လာသည် ။ အိပ်မက်ထဲက အိုပါး တွေ၏ မျက်နှာလေးတွေကလည်းပျောက်ချင်းမလှပျောက်သွားရသည် ။ မဆင်းလာရင်လည်း မေမေက ထပ်မံအော်ခေါ်တော့မည်ဆိုတာသိတာကြောင့် ဘုရားစင်ရှိ ဘုရာပန်းအိုးတို့အား စွန့်ကာ လက်နှစ်ဖက်ဖြင့်မြဲမြံစွာကိုင်လျက် ဆင်းလာခဲ့သည် ။

"ရော့.."

ဘေစင်တွင်ရပ်ကာ ဂန္ဓာပန်းလေးများခြွေနေသော မေမေ့နားသို့ခြေလှမ်းလှမ်းရင်း ဘေးဘောင်ပေါ်ပန်းအိုးများတင်ပေးလိုက်သည် ။

"သေချာလုပ်စမ်း ။ မိန်းကလေးပီပီသသနေ ကြားလား ။ "

မေမေ၏ ပွစိပွစိအသံကြောင့် ချယ် နှာခေါင်းရှုံ့လိုက်သည် ။ ဘာမှတော့ပြန်မဖြေမိ ။

"ဟဲ့ ကြားလားလို့ မိချယ်ရီ "

ပြောလည်းပြော ခေါင်းပေါ်သို့ ဂွပ်ခနဲ အဆစ်ခေါက်ခံလိုက်ရသည် ။

"ဟာ..မေမေ! "

"ဘာလဲ ဘာတွေများမှန်နေလို့ ပြန်အော်ချင်ရတာလဲ ပြောပါဦး ။ "

တစ်ဦးတည်းသော သမီးလေးမို့ ပညာရေးမလစ်ဟင်းရအောင် ဆယ်တန်းအထိစာသာကြိုးစားစေခဲ့သည် ။အောင်စာရင်းမထွက်ခင်တော့ မိန်းကလေးပီသအောင် ကိုယ့်မှာကြီးကြပ်နေသော်လည်း သမီးဖြစ်သူက အချိုးမပြောင်းလာခဲ့ ။ ခင်ပွန်းဖြစ်သူကလည်း သူ့သမီးအလိုကျ ပူဆာသည့် KPOP ဆိုသည့် ကိုရီးယားအဆိုတော်တို့၏ Album များအားဝယ်ပေးရှာသည် ။ ထို့ကြောင့် အခန်းထဲသို့မဝင်လိုက်နှင့်..တွေ့လိုက်ရမှာကတော့ ထိုအဆိုတော်မျိုးစုံတို့၏ ဓာတ်ပုံများနှင့်သာ ပြည့်နေသော အခန်း။

ခုလည်း နည်းနည်းသာဟောက်ရသေးတယ် အနားမှပြေးထွက်သွားပြန်တယ်လေ...

"မိပြီ ။ မပြေးနဲ့ ။ "

အိမ်အောက်ထပ်မှ ချိုးချိုးချွတ်ချွတ် အသံတို့ကြောင့် အံ့ ဆင်းလာခဲ့သည် ။ မြင်လိုက်ရသည်က ပေါင်လယ်လောက်ရှိသည့် အမည်းရောင် တီရှပ်ခပ်ပွပွဝတ်ထားသည့် သူတစ်ယောက် ။ အိမ်တံခါးအကုန်ပိတ်ထားပါလျက် ဒင်းလေးက ကျူးကျူးကျော်ကျော် မီးဖိုခန်းထဲတွင် ဟိုရှာဒီရှာလုပ်နေသည် ။

မသိဘူး...ချစ်တယ်[ GL Short Story Completed ]Where stories live. Discover now