ထမင်းစား ခန်းထဲသို့ဝင်လာ ကာ ဘွားမယ်ဘေးနားကို  မဟာဝင်ထိုင်လိုက်  မှ   အားလုံးက ဘွားမယ် ဘာလို့ မစားားသေးမှန်းသိလိုက်သည်။ဒေါ်နန်းဝေစီ တစ်ယောက်တော့  သားမှ​မွေးထားသော  မြေးချင်းအတူတူ  မဟာအား အရေးပေးလွန်းသော  ဘွားတော်ကြောင့်  စိတ်ထဲဘွားတော်အားတင်းနေမိသည်။

ဉီးခွန်မင်းရန်  သူ့နားတွင်ထိုင်နေသော သားတော်မောင်အား တစ်ချက်ကြည့်ကာ ထမင်းထည့့်စားနေသည်။ဒေါ်နန်းမွေ့ရင် မတွေ့ရတာကြာနေသော  သားဖြစ်သူအား ကြိုက်တက်သော  ဟင်းများထည့့်ပေးနေသည်။သားဖြစ်သူ ပြန်လာတာကြောင့် ခါတိုင်တိတ်ဆိတ်စွာ နေတက်သော သူမက   ဟင်းတွေထည့့်ပေးကာ  စကားတွေပြောနေမိသည်။မဟာကတော့  ကျန်တဲ့မောင်နှမများကို  တစ်ချက်ပဲကြည့်ကာ  ထမင်းကိုသာအာရုံစိုက် စားနေသည်။စားသောက်ပြီး  မေမေနဲ့ စကားပြောကာ သူ့အဖေကသူ့လုပ်ငန်းတွေကို သတိထားလုပ်ဖို့ပြောနေတာကြောင့် လုပ်ငန်းကိစ္စခနလောက်ပြောပြီး  အ​ပေါ်တက်မယ်ယ်လုပ်တုန်း

"မဟာ   ဒီမှာမမမင်းအတွက်  မန္တလေးကထိုးမုန့်မှာထားတာ  စားပါအုံးလား"

မောင်ကိုသိပ်ချစ်သော  မမကစားစေချင်ပုံရတာကြောင့် သူပြန်ထိုင်ကာ  စားလိုက်သည်။
စားသောက်ပြီး မမမေးတာဖြေကာ  သူ့အခန်းထဲဝင်လာလိုက်သည်။

"ကိုကို  သမီးကိုဒါလေးဝယ်ပေးပါလား"

ဖုန်းထဲက နောက်ဆုံးပေါ်iphone ကိုပြကာ
သူ့အား ပူစာနေသော ကြာရိုးကြောင့် သူမအားခေါင်းညိတ်ပြလိုက်သည်။သူနဲ့အမေမတူပေမဲ့  အငယ်ဆုံးဖြစ်တဲ့သူမလေးက
သူမအမေနဲ့အစ်ကိုနဲ့မတူပဲ  စိတ်ထားဖြူစင်ပြီး ငယ်စဉ္ကတည်းက အနားမှာကပ်ကာသူ့အားခင်တွယ်လွန်းတာကြောင့် သူ့ညီမလေးကို သူချစ်ပါသည်။ပြုံးပျော်သွားကာ  သူအခန်းထဲခုန်ပေါက်နေသော  သူမလေးကြောင့်  သူရယ်မိသည်။

ဧကရီအမြင့်စံတို့  သူငယ်ချင်းသုံူယောက်
စားသောက်ဆိုင်တွင်ညစာ စားနေကျသည်။ညနေဘက်ဆို  မန္တလေးလမ်းမထက်မှာ  ဆိုင်ကယ်များပိုကြပ်သည်။ခုလဲ သူမတို့စားသောက်ဆိုင်ရှေ့  မီးပိွုင့်မှာဆိုင်ကပ်များသာ  တန်းစီနေသည်။တစ်ချို့ကောင်လေးများက မီးပိွုင့်စောင့်နေစဉ္ စားသောက်ဆိုင် မှန်များမှတွေ့ရသော မိန်းမချောလေးသုံးယောက်ကို  ငေးကာကြည့်နေသည်။အကြည့်ခံနေရသော  မိန်းကလေးများကတော့  စကားပြောချင်းနဲ့အစားအသောက်ကိုသာ
အာရုံစိုက်နေသည်။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now