အိပ်မက်က အိပ်မက်ပါပဲလေ...မရောထွေးဖို့ ကိုယ့်စိတ်ကိုပဲ သတိပေးရတော့မယ်.....
အချစ်နဲ့တရားဝင်ထိတွေ့ဖို့ လက်ဆန့်လိုက်တဲ့အခါ နာကျင်စွာထိုးနှက်မဲ့ အရိပ်အနှောင်တွေဟာ ဝဲပျံလို့လိုက်ပါခဲ့ပြန်ပြီ....
အိပ်မက်ဟာ လက်တွေ့ဖြစ်လာခဲ့ရင် ရူးမယ့်သူက သူကိုယ်တိုင်ပဲလေ....
သေချာတယ် တွယ်တာစရာမရှိတော့တဲ့ သူ့ဘဝမှာလက်ရှိတွယ်တာစရာဟာ တက်တူးနဲ့မျက်လုံးဝိုင်းလေး....
အစအဆုံးပြိုလဲခဲ့တာတောင် ဒီလူသားဆီမှာမို့ နာကျင်စရာတွေဟာ ဒီလူသားဆီက အရင်းမခံဖို့ ဆုတောင်းနေမိတာ မှန်သောဆုတောင်းပါ.....
💜Minna💜
နောက်ပိုင်းတွေအတွက် တစ်သျူးလေးဆောင်ထားပါ.
မင်စိတ်အခြေအနေမကောင်းတော့ ငိုရဖို့များပါတယ်..
× × × ×
ဆေးရုံခန်းလေးက တိတ်ဆိတ်တယ်လို့ ဘယ်သူပြောလဲ...
ဆေးနံလွင်လွင်လေးနဲ့ Channelရေမွှေးနံပြင်းပြင်းလေးဟာ သိပ်လိုက်ဖက်နေတာ မျက်စိကျစရာပဲ...
"သက်သာလား..."
ဆေးရုံမှာတစ်ပတ်လောက်နေပြီးတော့ မျက်နှာလေးဟာ နှင်းဆီရောင်လေးသန်းလာပြီမို့ အတော်သင့်သက်သာသွားပြီထင်တယ်...
"သက်သာပါတယ်..."
မျက်နှာလေးဟာညိုးလို့...နေလောင်ထားတဲ့ ပန်းနှင်းဆီလိုပဲ နေထိထားလို့ခေါင်းလေးကျိုးနေတာ မြင်စရာမရှိပါလား...
"ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား..."
"ဟင့်အင်း....ဒီလိုပါပဲ တွေးစရာရှိနေလို့...."
"ညနေဆေးရုံဆင်းဖို့ ကိုယ်သွားလုပ်လိုက်ဦးမယ်...ခဏပဲ ကိုယ်ပြန်လာခဲ့မယ်...."
"အင်း..."
ဇာပနအခမ်းအနား ဘာဆက်ဖြစ်သွားလဲမသိဘူး...ဆေးရုံတက်ရတာ တစ်ပတ်တောင်ရှိသွားတော့ hobiနဲ့လည်း အဆက်အသွယ်မရသေးဘူး....ဆေးရုံကဆင်းပြီး ဘယ်သွားနေရမလဲ ခေါင်းခဲနေပြီ....hobiဆီမှာဆက်နေဖို့ကျ အားနာမိတယ်....
"ဟူး....ဘယ်လိုလုပ်ရပါ့မလဲ...."
အတွေးနဲ့တင် ရူးချင်တယ်....ဆေးရုံတက်နေတဲ့တစ်ချိန်လုံး jeonကအစစအရာရာ အားလုံးဂရုတစိုက်လုပ်ကိုင်ပေးနေတော့ လိုအပ်တယ်ဆိုတာ ဘာမှန်းကိုမသိခဲ့ဘူး....
