"ကိုယ့်ကို မယုံလို့လား..."
"မဟုတ်ပါဘူး အံ့သြသွားလို့ပါ....."
"အင်း....ကိုယ်မင်းကိုချစ်တယ် မင်းကိုကိုယ်ပဲစောင့်ရှောက်မှာ ကိုယ့်အနားမှာပဲနေ....ကိုယ်လည်းမင်းနားမှာပဲနေမယ်....ကိုယ်မင်းကိုအရမ်းချစ်တာ...."
"အင်း..."
"ကိုယ်ချက်ချင်း အဖြေမလိုပါဘူး....မင်းစဥ်းစားဦးပေါ့....ကိုယ်စောင့်နိုင်တယ်...."
"အင်း...."
"ဒါဆို မင်းတစ်ခုခုစားဖို့ သွားလုပ်လိုက်မယ်....မင်းနားနေဦးနော်...."
"အင်း....."
တအင်းအင်းနဲ့ ရင်ခုန်လွန်းလို့ ဘာစကားမှမပြောနိုင်ခဲ့ဘူး...'အင်း´ပဲချနိုင်ခဲ့တယ်...
တစ်ချိန်လုံး ကိုယ်ရဲ့လက်တစ်စုံလုံးကို သူရဲ့လက်တစ်စုံနဲ့ အုပ်ကိုင်ထားရင်း သူဝန်ခံသွားတယ် ချစ်တယ်တဲ့။သူကကျွန်တော်ကိုချစ်တယ်တဲ့။သူပဲစောင့်ရှောက်မှာတဲ့ သူ့အနားမှာနေပါတဲ့....
သူပြောပြီးထွက်သွားတာတောင် ကြောင်အအနဲ့ကျန်ခဲ့ပြီး ရင်တစ်ခုလုံးဟာ ပွဲတော်ကျင်းပနေသလားပဲ ပွဲဆူနေတာ ခြိမ့်ခြိမ့်သဲ.....
"ဟူး...သူတကယ်ပဲ ဖွင့်ပြောလိုက်ပြီပေါ့...."
ရင်ဘတ်ပေါ်လက်ဖွဖွတင်ရင်း 'ချစ်တယ်´ဆိုတဲ့စကားလုံးဟာ နားထဲပဲ့တင်ထပ်လို့ အကြိမ်ကြိမ်အခါခါ...
မမျှော်လင့်ခဲ့ဘူး ပြောလိမ့်မယ်လို့....သူနဲ့ကိုယ်ဟာ စကားလုံးတွေနဲ့ ဖွဲ့မပြခဲ့တဲ့အချိန်တစ်ခုမှာတောင် သူကသိပ်ဂရုစိုက်တာ...
ကျွန်တော်မပျော်ဘူးထင်ရင် မှားသွားမှာ ရင်ခုန်နေတာ သူ့ထက်အဆတစ်ရာ....
ပျော်လွန်းလို့ ခုန်ပေါက်ပစ်ချင်တယ်...ကိုယ်ကအကြီးဆိုတော့ ထိန်းသင့်တာထိန်းရတာပေါ့...
ကျွန်တော့်ရင်ထဲ သူ့အတွက်ပေါက်ဖွားခဲ့တဲ့ အချစ်တွေစတွေ့တုန်းကလား ဒုတိယအကြိမ်လား ဘူဆန်မှာလား မသဲကွဲ...
တစ်ဆက်ထဲမှာ အတွေးထဲဝင်နာလာတဲ့နာကျင်မူဟာ အိပ်မက်ထဲက အကြောင်းအရာ....
