"......"
"Hyung...."
ဘာတွေများအတွေးများနေပြန်လဲ ချစ်ရသူရယ်....တစ်မနက်လုံးလည်း မျက်နှာမကောင်းဘူး...
ခုတင်ဘေးနားထိသွားပြီး လက်လေးအုပ်ကိုင်လိုက်တော့....
"ဟင်....ဘာဖြစ်လို့လဲ "
သူဝင်လာတာလည်း မသိလိုက်ဘူး....သူအနားရောက်တာလည်း မသိလိုက်ဘူး....အတွေးကရောက်ယက်ခတ်နေတာကိုး.....
"ဘာမှမဖြစ်ပါဘူး.....မသက်သာလို့လား....တစ်ခုခုဖြစ်လို့လား...ကိုယ့်ကိုပြောလေ....ကိုယ်ရှိနေတာပဲလေ....."
ဟုတ်တယ်....သူရှိနေတယ်...ဒါပေမယ့် ဘာပြောရမှာလဲ.....နေစရာမရှိလို့စိတ်ညစ်နေတယ်လို့လား....ဒါမှမဟုတ် မင်းအနားမှာမရှိတော့လို့ ကြောက်နေပါတယ်လို့လား....ဘာပြောရမလဲ....မင်းကိုပြောပြလို့မရဘူးလေ.....
"ဘာတွေတွေးနေလဲ ကိုယ့်ကိုပြော...."
"ဟင့်အင်း..."
"အင်းပါ ညနေဆေးရုံဆင်းရင် ကိုယ်နဲ့လိုက်နေနော်.."
"ဟမ်....."
မထင်မှတ်ထားတဲ့ စကားလုံးကြောင့် မျက်လုံးလေးတွေ ပြူးကျယ်ခဲ့ရတဲ့အထိ အံ့သြမိတယ်....တွေးပူနေရတဲ့ အပူတစ်ခုကို သူကရေဖြန်းပေးလိုက်သလိုပဲ....ငြိမ်းသွားရတယ်....ဒါပေမယ့် ဖြစ်ပါ့လား သူနဲလိုက်သွားရင် သူ့အတွက်ဝန်ပိုတစ်ခုဖြစ်မှာစိုးမိတယ်.....
"မဖြစ်ပါဘူး...မလိုက်ဘူးjeon...."
"မရဘူး မင်းကိုယ်နဲ့လိုက်ရမယ်....ကိုယ့်နားမှမဟုတ်ရင် ကိုယ်စိတ်မချလို့ပါ..."
"မဟုတ်ဘူးလေ...မင်းကိုဝန်ပိုမဖြစ်စေချင်လို့ပါ..."
"မင်းတစ်ကိုယ်လုံးကို စိန်စီပေးထားလို့ရတဲ့အထိ ကိုယ်ချမ်းသာတယ်...ကိုယ်ချစ်ရတဲ့သူက ကိုယ့်အတွက်ဝန်ပိုဖြစ်စရာလား...."
"ဟမ်...ဘာပြောလိုက်တယ် jeon..."
"ဟုတ်တယ်....ကိုယ်ပြောဖို့ မရဲခဲ့လို့မပြောခဲ့ရတာ....ကိုယ်မင်းကိုစတွေ့ထဲက ချစ်မိသွားတာ..."
"....."
"ကိုယ်မင်းကို ချစ်တယ်...."
"....."
