Chapter-25_2(U+Z)

Start from the beginning
                                    

"ကိုယ့်ကို မကြိုက်ပါနဲ့"

စုလင်း တစ်ခုခုပြန်​ပြောလာမှာကိုပင် မ​စောင့်​တော့ဘဲ ​ရှောင်ထွက်လာခဲ့ပြီး ဒုတိယထပ်မှ အခန်းဆီ ပြန်လာခဲ့သည်။

စုလင်း ​လှေကားတစ်​လျှောက်ကို အချိန်ခဏမျှကြာသည့်အထိ မျက်​မှောင်ကြုတ်လျက် စိုက်ကြည့်​နေခဲ့ပြီး​နောက် ခပ်ဖွဖွ ရယ်လိုက်သည်။

'ကြိုက်တယ်' ဆိုတာ ခင်ဗျားက​ ဒီလိုပြောလိုက်တာနဲ့ ​ပျောက်ကွယ်သွားနိုင်တဲ့ အရာ မဟုတ်ဘူး!

ဧည့်ခန်းထဲတွင် အကြွင်းအကျန် ​Pheromone တစ်ချို့ ကျန်​နေ​သေးသည်။ စုလင်း တစ်ချက်နှစ်ချက်ရှူကြည့်လိုက်ပြီး စိတ်မ​ကောင်းစွာဖြင့် သူ့လည်ပင်း အ​နောက်ကို ထိလိုက်သည်။🥺 သူရဲ့Pheromone​တွေသာ ပုံမှန်ဖြစ်ခဲ့မယ်ဆိုရင် သူလည်းပဲ ကုလီဟန်ကို ​ဖျား​ယောင်းလို့ ရ​ပေလိမ့်မည်။ စုလင်း အဲ့ဒါကို တွေးရင်း သူ့နတ်ဘုရားရဲ့ Inhibitor ကို ကိုင်ထားတဲ့ ပုံရိပ်က သူ့စိတ်ထဲ မြင်​ယောင်လာသည်။ ​အောင်မြင်နိုင်​ခြေက အ​တော်​လေးကို နည်း​ပေလိမ့်မည်။

အဲ့ဒီ​တော့ကား သူ့နတ်ဘုရားကို ဘယ်လို လိုက်ရမလဲ?

​ကျောင်းချီရဲ့ လှုပ်ရှားမှုက အရမ်းသိသာ​ပေသည်။ သူက ကုလီဟန်ကို လက်ထပ်ချင်တာဖြစ်သည်။ ကျောင်းချီက ပြန်​မွေးဖွားလာခဲ့လို့ ကုလီဟန်က လူကောင်းတစ်​ယောက်ဆိုတာကို နားလည်သွားခဲ့လို့လား သို့တည်းမဟုတ် တစ်ခြား အ​ကြောင်းအရင်းတစ်ခုခု​ကြောင့်လားဆိုတာ စုလင်း မသိ​သော်လည်း စုလင်းက​တော့ ​ကျောင်းချီ လုပ်ချင်တာလုပ်ဖို့ ခွင့်မပြုနိုင်​ပေ။ သူ့နတ်ဘုရားက သူ့ကို အမြန်ဆုံး လက်ခံလာ​အောင် စုလင်းလုပ်ရမည်။ ဘယ်လိုပဲဖြစ်ဖြစ် စုလင်း ​ကျောင်းချီထက်သာ​နေသည့် အရာတစ်ခုမှာ ​သူနဲ့ သူ့နတ်ဘုရားက ​ခေါင်မိုးတစ်ခုတည်း​အောက်မှာ အတူတူ​နေကြတာဖြစ်သည်။

ကုလီဟန် သူ့အခန်းကို ပြန်​ရောက်ချိန်တွင် ရှပ်အင်္ကျီ​ကော်လံကြယ်သီး​တွေကို ဖြုတ်ပြီး အင်္ကျီလက်အနားကို တံ​တောင်ဆစ်အထိ လိပ်တင်လိုက်သည်။ သူ ​ရေချိုးခန်းထဲကို ဝင်ပြီး မျက်နှာနဲ့ လက်​တွေကို ​ဆေး​ကြောကာ Isolator ကိုဖြုတ်လိုက်သည်။ ချက်ချင်းပင် သူ့အမူအရာမှာ သက်သာရာရသွားသည်။ သူ ပြတင်း​ပေါက်နားမှ ဆိုဖာ​ပေါ်တွင် ထိုင်ပြီး အပြင်ဘက် ဥယျာဥ်ဆီသို့ အ​တွေးနက်နဲ​နေသည့်ဟန်ဖြင့် ​ငေးကြည့်​နေခဲ့သည်။ ခဏအကြာတွင် သူ့ရဲ့လက်​ကောက်မြည်လာခဲ့ပြီး သူက ဖုန်းကိုင်လိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now