ရှုဟန်ယွီက : "ကိုယ်သိပါတယ်၊ တူညီတဲ့အထူကိုယူရမှာ...ဟုတ်တယ်မလား"

ရှုကျင်ထျန်းသည် မြွေကြီးက စပျစ်နွယ်ပင်များ ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကို မြင်ဖူးကြောင်း ပြောခဲ့တာကို ရုတ်တရက် သတိရသွားပြီး
“မင်း တစ်ခြားလူတွေကို မြင်ဖူးလား။ အဲဒီမိန်းမတွေနဲ့ မင်းဘယ်လိုပတ်သက်လဲ"

ရှုဟန်ယွီ၏မွေးရာပါမှတ်ဉာဏ်အားလုံးသည် သူ၏သွေးနှင့်ဆိုင်သော သားရဲများထံမှ ဆင်းသက်လာပြီး ၎င်းတို့အနက် သူ၏ဖခင်လည်းပါဝင်သည်။ သို့သော်လည်း ရှုဟန်ယွီက အဲ့ဒါကို ဘယ်လိုပြောရမှန်းမသိသလို ဘယ်လိုဖော်ပြရမလဲဆိုတာလည်း အချိန်အတော်ကြာတဲ့အထိ မသိခဲ့ဘူး။

ရှုဟန်ယွီက အဲ့ဒါကိုစဉ်းစားပြီး ဆင်ခြေပေးလိုက်သည်။
“သူတို့အားလုံးက တခြားသူတွေရဲ့ မိန်းမတွေပါ။ တစ်ချို့က ကိုယ်တို့လို ဝိညာဉ်သားရဲမြွေတွေနဲ့ အကြာကြီးနေထိုင်တဲ့ သန်မာတဲ့အမျိုးသမီးတွေ၊ ပြီးတော့ သူတို့မှာ ဝတ်စုံတစ်ခုပဲရှိလို့ အဝတ်အစားလဲချင်ကြတယ်လေ”

"အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို သန်မာတယ်လို့မဖော်ပြသင့်ဘူးကွ!"
မြွေကြီးသည် သူ့ဘာသာစကားကိုသင်ယူပြီး မသင့်လျော်သော အသုံးအနှုန်းအချို့ကို မလွဲမသွေ အသုံးပြုခဲ့ကြောင်း သိသော်လည်း သူ့မျက်နှာပေါ်က အလိုမကျဟန် အနက်ရောင်လိုင်းများကို ဖုံးအုပ်ထားနိုင်ခြင်းမရှိပေ။

ရှုဟန်ယွီက ရှုကျင်ထျန်းသည် ထိုအမျိုးသမီးကို မနာလိုဖြစ်နေသည်ဟု ထင်ခဲ့သည်။ နောက်ဆုံးမှာတော့ သူ့တည်ဆောက်ပုံက သေးလွန်းတာကြောင့် သိမ်ငယ်တဲ့ခံစားချက်ကို ရှောင်လွှဲလို့မရနိုင်ဟု ယူဆလိုက်သည်။

ထို့ကြောင့် သူ့ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။
"ထျန်းထျန်းက အခု သေးငယ်တဲ့ခန္ဓာကိုယ်လေးရှိပေမဲ့ နောက်ဆို မင်းလေးက အရမ်းကျန်းမာပြီး ကောင်းကောင်းကြီးပြင်းလာမှာ"

ရှုကျင်ထျန်း : "..."

ရှုကျင်ထျန်းမှာ သည်းခံရင်းသည်းခံပေမယ့် နောက်ဆုံးမှာတော့ ပြန်မ ပြောဘဲမနေနိုင်တော့ပေ။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now