Chapter(44 - 2) - ယောင်ကျိုး

Start from the beginning
                                    

သူနဲ့ရန်ကျင်းတို့က နီးနီးကပ်ကပ် ထိုင်နေကြတာ ဖြစ်သောကြောင့် သူ့ပန်းကန်ထဲကို ပေါက်စီ ကျလာတဲ့ အချိန်မှာပဲ သူ့နားတိုးတိုးလေး ကပ်ပြောလာသည့် ရန်ကျင်းရဲ့ အသံကိုပါ ကြားလိုက်ရသည်။

"ကျွန်တော့ဆရာကလည်း အရမ်းကောင်းတယ်"

ရန်ကျင်းရဲ့ လေသံထဲမှာ သူ့ပျော်ရွှင်မှုများကို ဖုန်းကွယ်မထားနိုင်ပေ။ တကယ်တော့ ဒီမနက်ကတည်းက ရန်ကျင်းရဲ့ စိတ်ခံစားချက်တွေ ကောင်းနေတာကို ရှန်ကျစ်ရှန်း ခံစားလို့ရနေတာဖြစ်သည်။ အပေါ်ယံမှာ သူ့ပုံစံက တည်ငြိမ်ပြီး တိတ်ဆိတ်နေတယ် ဆိုပေမယ့်လည်း သူပျော်နေတယ် ဆိုတာကို ရှန်ကျစ်ရှန်းသိတယ်။

ရှန်ကျစ်ရှန်းက သူ့ကိုဘာမှ ကတိမပေးသေးတာတောင် ရန်ကျင်းက အရမ်းပျော်နေတုန်းပဲလား?

ရှန်ကျစ်ရှန်းက ထိုပေါက်စီအကြီးကြီးအား သူ့ပါးစပ်နားဆီ ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။ ဖြည်းဖြည်းချင်းဆီ ဝါးနေရင်းဖြင့်ပင် သူ့စိတ်ခံစားချက်များက ရှုပ်ထွေးလာလေသည်။ သို့သော်လည်း သူပေါက်စီတစ်ဝက်တောင် စားလို့ မပြီးသေးခင်မှာ ရန်ကျင်းက နောက်တစ်ခုကို  သူ့ပန်းကန်ထဲ ထပ်ထည့်လာပြန်သည်။

ဒါကသူ့အကြိုက်ပါပဲ ဒါပေမဲ့.....

"ငါအဲ့လောက် အများကြီး မစားနိုင်ဘူး, ထည့်ပေးနေတာ ရပ်လိုက်တော့!" ရှန်ကျစ်ရှန်းက တိုးတိုးလေးပြောလိုက်သည်။

"မင်းကိုယ်တာကို စားဦး, ငါ့ကိုထပ်မပေးနဲ့တော့....."

ရန်ကျင်းကသူ့ကို ကျွေးမွေးရတာ အရမ်းကြိုက်မှန်း သူတွေ့လိုက်ရသည်။ သူ့ပန်းကန်လုံးက ပြည့်နှက်နေပြီး အဲ့ဒါက သူ့အကြောင်းကို မထုတ်ဖော်မီခင်ကတည်းကလည်း အတူတူပဲ။ ဒါပေမဲ့ သူ့အစာစားချင်စိတ်က အမြဲတမ်း နည်းပါးတာကြောင့် အချိန်တိုင်း ဗိုက်ပြည့်ဖို့ လွယ်ကူသည်လေ။

ရန်ကျင်းက သူ့ကိုခပ်တိုးတိုးပြန်ပြောသည်။

"ဆရာက အရမ်းပိန်လွန်းတယ်, စတုတ္ထအကြီးအကဲက ဆရာအများကြီး စားသင့်တယ်လို့ ပြောတယ်"

အကြောင်းပြချက်တစ်ချို့ကြောင့် ရှန်ကျစ်ရှန်းသည် စတုတ္ထအကြီးအကဲက ရန်ကျင်းအစား အိုးကိုထမ်းထားရတာဟု အလိုလို ခံစားလိုက်ရသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now