ရှန်ယန်ရှောင်လည်း ကြူရှီယာကို မျက်စောင်းထိုးလိုက်သည် သူနောက်နေတာမှန်း သူမသိသည်။တိုးနယားမျိုးနွယ်ရဲ့ စီးပွားရေးအင်အားက ကြီးကျယ်လှသော်လည်း သူမလုပ်မယ့် စီးပွားရေးက လောင်းရွှမ်အင်ပါယာတစ်ခုလုံးအတွက်ဖြစ်လို့ တိုးနယားမျိုးနွယ်နဲ့တင် အားပြုလို့မဖြစ်နိုင်ပါဘူး။

“တစ်ကယ်ဆို နာဇီက သူ့အကြံထဲမှာ ထည့်ပြောပြီးသွားပြီလေ စီးပွားရေးသမားတွေဆိုတာ အမြတ်ရဖို့လိုက်ရှာနေကြသူတွေချည်းပဲ သူတို့မျက်စိရှေ့ကိုသာ အမြတ်အစွန်းကြီးကြီး ချပြလိုက်မယ်ဆိုရင် အဲ့ဒီနေရာမှာ အန္တရာယ်ရှိမှန်းသိကြရင်တောင် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဘဲ သွားပတ်သက်ကြဦးမယ့်သူတွေပဲ”

အမြတ်ရှာသမားတစ်ဦးဖြစ်တဲ့ကြူရှီယာက ဒီအချက်ကိုတော့ နားအလည်ဆုံးသူပါပဲ။

“ငါတို့ဆီမှာသာ ပစ္စည်းကောင်းလေးတွေ ထုတ်နိုင်ရင် ဘယ်သူမှမလာမှာကို ပူနေဖို့မလိုဘူး။ ဖုန်းဆိုးမြေက တွင်းထွက်သယံဇာတတွေက မက်လောက်တဲ့ဆွဲဆောင်မှုကြီးပဲ ဒါပေမယ့် ဒီမှာရှိတဲ့ သယံဇာတတွေအကြောင်းကို သိဖို့အတွက်ဆိုရင် သူတို့တွေ ဒီကိုအရင်လာဖို့လိုမယ် ဒီအတွက်တော့ ငါ့ဆီမှာ အကြံတစ်ခုရှိထားတယ် ကမ္ဘာရှားပစ္စည်းတွေကို တက်သစ်နေမြို့မှာ လေလံပွဲကျင်းပရောင်းချမယ်ဆိုရင် လူတွေအများကြီးလာကြမှာပဲ အဲ့ဒီလိုဆိုရင် ကြေညာပြီးသားဖြစ်ပြီပေါ့”

စီးပွားရေးပါရမီရှင်တစ်ဦးလို့ခေါ်ခံထိုက်သော ကြူရှီယာကတော့ အကြံကောင်းတစ်ခုကို တွေးမိပြီးထုတ်ပြောလိုက်သည်။

“ဒီကိစ္စအတွက်က လွယ်ပါတယ်ကွာ ဒီတစ်ခေါက်ငါတို့မိသားစုရဲ့ နှစ်တစ်ရာနတ်လက်နက်ကို မကြာခင်သွန်းလုပ်ပြီးတော့မှာ ငါ့ရဲ့ဘိုးတော်ကြီးနဲ့တိုင်ပင်ပြီးရင် နှစ်တစ်ရာနတ်လက်နက်ကို တက်သစ်နေမြို့တော်ရဲ့လေလံပွဲထဲမှာ ထည့်ရောင်းခိုင်းလိုက်မယ်လေ ဘိုးတော်ကြီးက ထွေထွေထူးထူးလေးတွေဆို သဘောကျတယ်ဟ နတ်ဆိုးနယ်မြေထဲမှာ လေလံပွဲလုပ်ခြင်း ဒီလိုကိစ္စကို သူနှလုံးခွေ့တာဆိုတော့ သူ့ကိုသိမ်းသွင်းလို့ရပြီ”

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Onde histórias criam vida. Descubra agora