" ကဲ .. အဲ့တော့ တို့အကြံကိုလည်း Arthit သိသွားပြီ။ တို့ကို ဘာဆက်လုပ်စေချင်လဲ ? "

မျက်မှန်အထူလေးကိုပင့်ပြီး Arthit က လေပူတချက် မှုတ်ထုတ်ပြန်တယ်။ Cherry ပန်းချီထိုင်ဆွဲမယ့်နေရာလေးကိုကြည့်ရင်း ငေးငေးလေးနဲ့

" ကျွန်တော်လည်း Cherry လို သတ္တိရှိနိုင်ရင်ကောင်းမှာပဲ။ Cherry လို မဖြစ်နိုင်မှန်းသိရင် ခပ်ခွာခွာနေမယ်ဆိုတဲ့စိတ်မျိုး ကျွန်တော်လည်း လိုချင်တယ်။ "

" ... "

" သူနဲ့အခွင့်အရေးမရှိနိုင်ဘူးဆိုတာတော့ ဟုတ်ပေမယ့် ကျွန်တော် ဒီလိုကိစ္စတွေကို သူနဲ့မှမဟုတ်ရင် အချိန်ပေးနိုင်လိမ့်မယ်လို့ မထင်ဘူး .. အဲ့ဒါကြောင့် Cherry ကျွန်တော့်အတွက် အချိန်ကုန်မခံပါနဲ့ "

ချစ်သူလာရာလမ်းကို မျှော်ကြည့်နေတာမျိုးမဟုတ်ဘဲ ချစ်သူထွက်သွားတာကို လှမ်းမဆွဲထားနိုင်တဲ့အကြည့်မျိုးတွေနဲ့သာ ငေးနေတဲ့ Arthit ကြောင့် ပန်းချီထိုင်ဆွဲနေတဲ့ သူမ ဘာလှမ်းပြောရမှန်းတောင်မသိ။

အကုန် Setting ချပြီးပေမယ့် Arthit ရဲ့ စိတ်ခံစားချက်ပြမှုက သူမ လိုချင်တဲ့အပိုင်းမဟုတ်နေခဲ့။

" Arthit ရေ .. ဘာတွေတွေးနေတာလဲ ? မပိုင်ဆိုင်ရဘူး မပိုင်ဆိုင်ရလောက်ဘူးပဲတွေးတွေးပြီးငေးနေရင် တို့ ပန်းချီကားပြီးမယ်လို့တောင် မထင်တော့ဘူး "

" အာ .. ဟုတ်လား ? "

အကြံအိုက်နေတဲ့ပုံစံမျိုးနှင့် နားရွက်တွေကိုပွတ်နေပြန်တဲ့ Arthit ကြောင့် Cherry ထိုင်ရာမှ ထကာ အနားကို တိုးကပ်သွားရင်း

" တို့ Arthit သဘောကျနေတဲ့သူကိုတော့ မသိပါဘူး။ ဒါပေမယ့် Arthit က ဒီလောက်ထိ အားလျော့နေတာမျိုးဖြစ်နေရင်တော့ တို့ ဒီအတိုင်းကြီး လက်လွှတ်ပေးနိုင်မှာမဟုတ်ဘူးနော်။ တဖက်လူကိုရဖို့ Arthit မကြိုးစားရင် Arthit တို့ကို ပြန်ချစ်ချစ်မချစ်ချစ် တို့ Arthit ကို တွယ်ကပ်နေမှာပဲ။ ကဲ ဘယ်လိုလဲ .. တို့လိုစိတ်မျိုး Arthit လိုက်တွေးပြီး အဲ့လူ Arthit ဆီ လာနေပြီလို့တွေးကြည့်ပါလား ? "

မျက်မှန်ထူထူအောက် မျက်လုံးလေးတွေက အရောင်တမျိုးပြောင်းသွားတာ Cherry သတိထားမိတာပေါ့။

FRIEND ZONEWhere stories live. Discover now