ကိုယ့်လက်ပေါ်မှာ မင်းလဲသွားတုန်းက ကိုယ်ရူးတော့မလို့ဖြစ်ခဲ့တာ မင်းကိုပွေ့ပြီး ဆေးရုံထိအရူးလိုပြေးရခဲ့တာ...ပတ်ဝန်းကျင်လား ကိုယ်သတိမရခဲ့ဘူး...ဂရုမစိုက်နိုင်ခဲ့ဘူး...ကိုယ့်လက်ပေါ်မှာ သတိလစ်နေတဲ့မင်းက အရာအားလုံးထက်အရေးကြီးနေခဲ့လို့လေ....

"ဘာမှမဟုတ်ပါဘူး..."

ထားပါတော့လေ အိပ်မက်ပဲလေ...ဘာမှမဟုတ်ဘဲနဲ့ သူ့ကိုမပြောတော့ပါဘူးလေ...

"မင်းဗိုက်ဆာနေရောပေါ့....ကိုယ်သွားဝယ်ခိုင်းလိုက်မယ်....ဘာစားချင်လဲပြောလေ...."

"ငါ...ငါ.....ငါ....မင်းနဲ့စားခဲ့ဘူဆန်တုန်းက တော့ပိုကီစားချင်တယ်...."

"Ok ကိုယ်တိုင်သွားဝယ်ပေးမယ်....."

"မင်းကလား....."

"ဟုတ်တ်လေ...ကိုယ်နဲ့မင်းပဲသိတာလေ...."

"ငါကစတာပါ အဲ့ထိသွားမဝယ်ပါနဲ့ အဆင်ပြေမယ့်ဟာလေးပဲ ဝယ်ခိုင်းလိုက်ပါ မင်းမသွားနဲ့ ငါနားမှာနေ ငါ့မှာဘယ်သူမှမရှိတော့ဘူးလေ...."

အဆုံးသတ်မှာတိမ်ဝင်သွားတဲ့အသံလေးဟာ ဝမ်းနည်းသံစွတ်လာပြီး မော့ထားတဲ့မျက်လွှာလေးဟာလည်း အောက်ဘက်ခုတင်ဆီချသွားပြန်တယ်....

"အင်းပါကိုယ်မသွားဘူး မင်းနားမှာနေပေးမယ်နော်....ကိုယ်ရှိတယ်...ဘယ်သူမှမရှိရင်တောင် ကိုယ်ရှိတယ်နော်...."

ရင်ခွင်ထဲထည့်ပြီး ကျောလေးသတ်ကာ ချော့မြူလိုက်တော့ စိတ်အေးသွားတယ်ထင်ပါရဲ့ ရင်ခွင်ထဲတိုးဝေ့လာတယ်....သူကအဖြူလေးမှန်းသိပေမယ့် မင်းအဖေဟာယုတ်မာခဲ့တယ် ချစ်ရသူရဲ့....

Mrs.Kimဆုံးပြီးတာနဲ့ တစ်ရက်ပဲခြားတယ် Mr.Kimဟာလည်း မိန်းမစိတ်နဲ့ထောင်ထဲမှာ ဆုံးပါးခဲ့ရတာမို့....လူ့လောကအလည်မှာ Kimမျိုးရိုးဟာ လူအများရဲ့အပြောခံအဆိုခံ တံတွေးခွက်ပက်လက်မျောရခဲ့တယ်....ကိုယ်ပေးခဲ့တဲ့ နာကျင်မူအတွက် ကိုယ်ကပဲတာဝန်ယူပြီး မင်းကိုလေမထိနေမထိ ပိုးမွေးသလို စောင့်ရှောက်ပါ့မယ်...ကိုယ်ကတိပေးတာမဟုတ်ဘူး ကိုယ်သစ္စာဆိုတာပါ ....

မင်းကသာအရာအားလုံးရဲ့ အရေးပါသူဖြစ်ရမယ့်....မင်းကိုထိုးမယ့်လက်ညိုးရှိခဲ့ရင် မင်းဆီမရောက်စေရဘူး ကိုယ်ကာကွယ်ပေးမှာ မပူနဲ့ချစ်ရသူ....

မောင့်အရိပ်Where stories live. Discover now