လိပ်ပြာငယ်သွေးပျက်သွားမယ့်နေ့ကို တစ်ယောက်သောသူက ခံနိုင်ရည်ရှိပါ့လား....

လိပ်ပြာလေးရဲ့ နာနာကျင်ကျင်အော်သံဟာ မှိန်ပြပြမီးရောင်အောက်ကနေ လင်းလင်းထင်းထင်း အခန်းတစ်ခုထဲ ကျယ်လောင်နေပြန်ရော.....

"ပါး...!!!! မား...!!!!!..."

ဆေးရုံရဲ့VVIPအခန်းထဲက ဖြူဖြူလျလျ လိပ်ပြာဖြူလေးဟာ လှုတ်ယှက်လှုတ်ယှက်နဲ့ မျက်ရည်တွေကြားက အော်ငိုတော့ ဆေးရုံစောင့်နေတဲ့Bossတစ်ယောက် ပြာပြာယာယာ ဖြစ်စရပြန်ရော...

"Hyung....Hyung....ကိုယ်ရှိတယ်လေ...."

လက်ကလေးကိုဖွဖွအုပ်ကိုင်ရင် သူအနားမှာရှိကြောင်း ပြောပြနေတာ သူဘယ်လောက်စိတ်ပူနေလဲ မေးစရာမလိုပါဘူး..မျက်နှာမှာထင်းနေတာ သိသာနေတယ်လေ....

အုပ်ကိုင်ထားတဲ့လက်နှစ်စုံဟာ ထုတ်သာမပြောတာ တစ်ယောက်ပေါ်တစ်ယောက်လေးနက်မူတွေ အပြည့်ရှိခဲ့ကြဖူးတယ်....

ဆေးရုံခုတင်ထက်က နူတ်ခမ်းဖြူဖျော့ဖျော့လေးဟာ အရင်လိုနီရဲစိုစွတ်မူတွေ မရှိတော့ဘူး ဖြူလျလျခန္ဓာကိုယ်လေးမှာ ဖြူစွပ်စွပ်နူတ်ခမ်းအသက်မဲ့လျက် တင်းစေ့နေခဲ့ပြီ....

"မင်း......မင်း......မင်း....."

ပြောဖို့စကားတွေဟာ ထွက်ကျမလာခဲ့ဘူး အိပ်မက်ဖြစ်နေတာမို့ ယုံနိုင်ဖို့တွန့်ဆုတ်နေခဲ့တယ်....ဖြစ်နိုင်ပါ့မလားလို့လဲ ဦးနှောက်ကိုနှလုံးသားက အကြိမ်ကြိမ်မေးခဲ့တယ်....ဦးနှောက်နဲနှလုံးသားက လွန်ဆွဲနေကြတယ်...ကျွန်တော်ကိုယ်တိုင်လည်း မယုံခဲ့ဘူး....ဘာလို့လဲဆိုတဲ့မေးခွန်းအတွက် အဖြေက အိပ်မက်ဖြစ်နေခဲ့လို့ပဲ....

သွေးတစက်စက်ကျနေတဲ့ဓားကိုကိုင်ထားသူက ချစ်ရသူဖြစ်ခဲ့တယ်...သွေးအလိမ်းလိမ်းနဲ့အသက်မဲ့နေခဲ့တဲ့ လူနှစ်ဦးဟာ ကျွန်တော်ရဲ့မိဘတွေပဲ အိပ်မက်ညာနေတာလား ဘာကိုစိတ်ဆွဲနေလဲ့လို့ ဒီအဖြစ်အပျက်ကို မက်ခဲ့တာလဲ မသိဘူး....လက်တွေ့မှာ အမှန်မဖြစ်ဖို့ပဲဆုတောင်းပါရစေ...

"ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောစရာရှိနေလို့လား...."

မျက်လုံးလေးတွေပွင့်လာတာနဲ့ ဖတ်ရခက်တဲ့မျက်ဝန်းတွေဟာ ဘာပြောချင်လို့လဲဆိုတာ နားမလည်ခဲ့ဘူး...

မောင့်အရိပ်Donde viven las historias. Descúbrelo ahora