အတောင်လေးတွေ နာနေယုံပဲလို့ ဘယ်သူပြောလဲ..အခုတော့တကယ်ကျိုးခဲ့ပြီ.....

Hobiရဲ့ခေါ်သံတစ်ခုကို သူဖြေဖို့ရာ အင်အားမလုံလောက်တော့ဘူး......

"Hyung ...."

ခေါ်သံလွင့်လွင့်လေးတောင် သူနားထောင်ဖို့ အဆင်မပြေတဲ့ပုံပါပဲ ဖြေခြင်းမရှိဘူး...အမူအရာလေးတောင် သူမပြနိုင်တော့ဘူး သူသိပ်ပင်ပန်းနေပြီ...

လိပ်ပြာဖြူလေး သိပ်ပင်ပန်းနေခဲ့ပါပြီ......

"Jin Hyung...."

စကားနဲ့မဖြေပါဘဲ ကြည့်တယ်ဆိုရုံလေး စောင်းငဲ့လာတဲ့ လိပ်ပြာလေးဟာ မျက်ရည်တောင် တစ်စက်မကျတော့ဘူး....မကျတော့တာမဟုတ်ပြန်ဘူး....မျက်ရည်ကျဖို့တောင် သူအင်အားမရှိတော့တာ.......

"Hyung အဆင်ပြေရဲ့လား....နားချင်နေလား...."

ကျွန်တော့်မေးခွန်းတိုင်းကို ဒီတစ်ခါတော့ဖြင့် ခေါင်းညိတ်ခေါင်းခါနဲ့ သူအဆင်ပြေကြောင်းတော့အဖြေပေးနေတယ်..အသက်တော့မပါဘူးပေါ့....လှုတ်ယုံလောက်သာလှုတ်နေခဲ့တာ...သူ့နေရာကိုယ်စားဝင်ပေးဖို့ သိပ်ကြောက်မိတယ်....ကိုယ်သာဆိုလဲပြိုနေလောက်ပြီး...ရူးသွားမှာသေချာတယ်.....သူကတော့တင်းခံနေတုန်းပဲ...သူပြိုလဲသွားတယ်ဆိုရင် သေချာတယ်သူတင်းခံဖို့တောင် အားမရှိတော့လို့ပဲ....

"Hyung ပင်ပန်းလာရင်နားလိုက်နော်....ကျွန်တော်ဟိုဘက်သွားလိုက်ဦးမယ်...."

Hyungဆီက ခေါင်းငြိမ့်ပြမှပဲ တခြားတစ်နေရာကို ဧည့်သည်တွေဧည်ခံဖို့ ထွက်လာချိန်....

လောကကြီးက ရုတ်ချည်းအမှောင်ကြီးစိုးသွားတဲ့ လူသားနှစ်ယောက် အနက်ရောင်ကားတွေထဲက အနက်ရောင်လူသားတွေဟာ လူတိုင်းမောမကြည့်ရဲတဲ့သူတွေပါ...သို့ပေမယ့် ကားပေါ်ကဆင်းလာတဲ့ သူတို့ရဲ့အသွင်အပြင်ဟာ တင်းမာနေတဲ့မျက်နှာမှာ ဝမ်းနည်းပူဆွေးမူတွေ သနားငဲ့ညာစိတ်တွေပါနေတာတော့ လူတွေသတိထားမိမယ်မထင်ဘူး....

Bossနဲ့Namjoonဟာ တစ်ချိန်ထဲရောက်လာခဲ့တယ်....ပုံမှန်ဆို သူ့ထက်ငါအပြိုင်အနိုင်ရမှာကျေနပ်ကြတာဆိုပေမယ့်....လက်ရှိအခြေအနေအရတော့ သူတို့အာရုံဟာ ဂါဝရအပြုခံနေတဲ့ အတောင်ကျိုးလိပ်ပြာဖြူလေးဆီမှာ....ပြိုင်ဆိုင်ဖို့ရာ ခေါင်းထဲတစိုးတစီတောင် အာရုံရှိမနေခဲ့ဘူးလေ.....

Namjoonကအရင်ဆုံး ဂါဝရပြုပြီး သာကြောင်းမာကြောင်းမေးပေမယ့်...လိပ်ပြာလေးဟာ ခေါင်းခါနဲ့သာ ဖြေနေခဲ့တယ်....

နောက်တော့ Boss....Bossကပုံမှန်အရာအားလုံးမှာ namjoonထက်အရင်ဆိုသော အနိုင်ရမူတွေနဲ့ပဲ ပျော်မွေ့တဲ့သူ....ဒီနေ့မှာတော့...သူဟာနောက်မှဂါဝရပြုခဲ့တယ်....ဓလေ့ထုံးတမ်းတွေကို သူမကြိုက်ပေမယ့် လိပ်ပြာလေးရဲ့မိဘတွေမို့ သူသေချာကိုဂရုစိုက်ပြုလုပ်နေပုံက လိပ်ပြာလေးကိုသူတန်ဖိုးထားမူ ဘယ်လောက်မြင့်လဲသက်သေပဲ.... ပြီးတာနဲ့လိပ်ပြာဖြူလေးကို စူးစူးစိုက်ကြည့်ပြီး....စကားပြောဖို့ပြင်နေပေမယ့်....သူသိပ်ကြောက်နေခဲ့တယ်....

လိပ်ပြာလေးဟာတစ်ချိန်လုံး....ခေါင်းငုံနေခဲ့တာ ဘယ်သူလာလဲ ဘာတွေပြောနေကြလဲ ဘာတွေလုပ်နေကြလဲ သူသိမှမဟုတ်ဘူး....ခေါင်းငုံလျက်သူ့အချိန်အားလုံးကို ရပ်တန့်ပစ်နေသလိုပဲ လောကကြီးက အရာအားလုံးကို ခေါင်းငုံလျက်သူမေ့ထားပုံပဲ...

အနားထိတိုးသွားပြီး....တိုးလျလျအသံလေးနဲ့ နှစ်ယောက်ထဲကြားနိုင်မယ့် အသံလေးနဲ့...

"Kim seokjin shii...."

လိပ်ပြာလေးခေါင်းမော့လာခဲ့ပြီ...နောက်ပြီးမျက်ရည်တွေပါတွဲခိုလာတော့ လူမှာပြာသွားရတယ်.....

"Jeon..."

သူရောက်လာခဲ့ပြီ...ဒီအဖြစ်အပျက်ကြားထဲမှာ ရင်ဖွင့်ဖို့ထိ အရာအားလုံးကိုမြိုသိပ်ပြီး လူဒီသားကိုစောင့်နေခဲ့တာ...အခုတော့ပေါ်လာခဲ့ပြီပေါ့....လွမ်းနေတာလို့ပြောလိုက်ရင် အပေါစားဆန်တာပဲလို့ထင်နိုင်ကောင်း ထင်နိုင်ပေမယ့်...တကယ်ကိုလွမ်းနေခဲ့တာ...ဖြစ်ပျက်သမျှကို ပြောပြပြီးရင်ဖွင့်ချင်ခဲ့တာ...တခြားလူကိုမပြောနိုင်ခဲ့ဘူး...ဘာကြောင့်လဲဆိုတဲ့ ခေါင်းစဉ်လဲမရှိဘဲ....ဒီလူသားကိုပဲရင်ဖွင့်ပြောပြချင်လို့ တမင်မျှော်နေခဲ့တာ....

ခန်းခြောက်နေတဲ့မျက်ရည်ဟာ ဒီလူသားကိုတွေ့မှပဲ တစ်ဖန်စိုစွတ်လာခဲ့တယ်.....ရုတ်တရက်မူးဝေလာပြီး လောကအမှောင်ကြီးကို ရင်ဆိုင်ရပြန်တယ်....

"Seokjin hyung..!!!!!"

Bossရဲ့ထိတ်လန့်စွာအော်သံအဆုံးမှာ လိပ်ပြာလေးဟာ အရုပ်ကြိုးပျက်....လဲပြိုခဲ့ပြီ....သူဘယ်လောက်တင်းနေခဲ့လဲ....အခုတော့လက်လျှော့လိုက်ပြီး ထင်ပါရဲ့....

အမှောင်ထဲက လွတ်လာတာနဲ့ အရာအားလုံးဟာ အိပ်မက်ဖြစ်ဖို့ပဲ မျှော်လင့်မိတယ်လိပ်ပြာလေးရယ်......

💜Minna💜

မောင့်အရိပ်Where stories live. Discover now