"Jeon..."

သူရောက်လာခဲ့ပြီ...ဒီအဖြစ်အပျက်ကြားထဲမှာ ရင်ဖွင့်ဖို့ထိ အရာအားလုံးကိုမြိုသိပ်ပြီး လူဒီသားကိုစောင့်နေခဲ့တာ...အခုတော့ပေါ်လာခဲ့ပြီပေါ့....လွမ်းနေတာလို့ပြောလိုက်ရင် အပေါစားဆန်တာပဲလို့ထင်နိုင်ကောင်း ထင်နိုင်ပေမယ့်...တကယ်ကိုလွမ်းနေခဲ့တာ...ဖြစ်ပျက်သမျှကို ပြောပြပြီးရင်ဖွင့်ချင်ခဲ့တာ...တခြားလူကိုမပြောနိုင်ခဲ့ဘူး...ဘာကြောင့်လဲဆိုတဲ့ ခေါင်းစဥ်လဲမရှိဘဲ....ဒီလူသားကိုပဲရင်ဖွင့်ပြောပြချင်လို့ တမင်မျှော်နေခဲ့တာ....

ခန်းခြောက်နေတဲ့မျက်ရည်ဟာ ဒီလူသားကိုတွေ့မှပဲ တစ်ဖန်စိုစွတ်လာခဲ့တယ်.....ရုတ်တရက်မူးဝေလာပြီး လောကအမှောင်ကြီးကို ရင်ဆိုင်ရပြန်တယ်....

"Seokjin hyung..!!!!!"

Bossရဲ့ထိတ်လန့်စွာအော်သံအဆုံးမှာ လိပ်ပြာလေးဟာ အရုပ်ကြိုးပျက်....လဲပြိုခဲ့ပြီ....သူဘယ်လောက်တင်းနေခဲ့လဲ....အခုတော့လက်လျှော့လိုက်ပြီး ထင်ပါရဲ့....

အမှောင်ထဲက လွတ်လာတာနဲ့ အရာအားလုံးဟာ အိပ်မက်ဖြစ်ဖို့ပဲ မျှော်လင့်မိတယ်လိပ်ပြာလေးရယ်......

💜Minna💜

×××××

ဇာပနအခမ်းအနားဟာ ကံဆိုးစွာ နှစ်ယောက်လုံးတစ်နေ့ထဲ ကျင်းပပေးရတာပဲ....

ခန်းမတစ်ခုလုံးမှာ အနက်ရောင်ဝတ်စုံနဲ့ လူတွေဟာ ဟိုတစ်စုဒီတစ်စု....ကန့်တော့တဲ့သူကန်တော့...ထွက်တဲ့သူကထွက် ဝင်တဲ့သူဝင်နဲ့ ဖွဲဖွဲလှုပ်ပေါ့...

တစ်လောကလုံး လှုတ်ခတ်နေရင်တောင် မည်သည်ကိုမှအာရုံထဲမရှိဘဲ တိတ်တိတ်လေးတစ်ယောက်ထဲအထီးကျန်စွာ....ဇာပနအခမ်းအနားရဲ့ ဓာတ်ပုံတွေနားက လိပ်ပြာဖြူလေးဟာ ငြိမ်သက်စွာ.....

မျက်ရည်လား ခန်းပြီထင်ပါရဲ့...ဒေါသလားဘယ်နားလိုက်ရှာရပါ့မလဲ....လောဘလား အစထဲကမရှိသူမို့ အေးချမ်းတယ်ထင်ရော့လား..
.မဟုတ်ဘူး သူဟာဖော်မပြတတ်ခဲ့တာ....ဖွင့်ထုတ်ပြဖို့လည်း သူမကြိုးစားခဲ့ဖူး....လက်ရှိမိဘနှစ်ပါးလုံးရဲ့ ဇာပနအခမ်းအနားမှာတောင်  ငြိမ်သက်မူအပြည့်နဲ့ လောကကိုသူမျက်ကွယ်ပြုခဲ့လိုက်ပြီ....

မောင့်အရိပ်Where stories live. Discover now