"Hyung ပင်ပန်းလာရင်နားလိုက်နော်....ကျွန်တော်ဟိုဘက်သွားလိုက်ဦးမယ်...."

Hyungဆီက ခေါင်းငြိမ့်ပြမှပဲ တခြားတစ်နေရာကို ဧည့်သည်တွေဧည်ခံဖို့ ထွက်လာချိန်....

လောကကြီးက ရုတ်ချည်းအမှောင်ကြီးစိုးသွားတဲ့ လူသားနှစ်ယောက် အနက်ရောင်ကားတွေထဲက အနက်ရောင်လူသားတွေဟာ လူတိုင်းမောမကြည့်ရဲတဲ့သူတွေပါ...သို့ပေမယ့် ကားပေါ်ကဆင်းလာတဲ့ သူတို့ရဲ့အသွင်အပြင်ဟာ တင်းမာနေတဲ့မျက်နှာမှာ ဝမ်းနည်းပူဆွေးမူတွေ သနားငဲ့ညာစိတ်တွေပါနေတာတော့ လူတွေသတိထားမိမယ်မထင်ဘူး....

Bossနဲ့Namjoonဟာ တစ်ချိန်ထဲရောက်လာခဲ့တယ်....ပုံမှန်ဆို သူ့ထက်ငါအပြိုင်အနိုင်ရမှာကျေနပ်ကြတာဆိုပေမယ့်....လက်ရှိအခြေအနေအရတော့ သူတို့အာရုံဟာ ဂါဝရအပြုခံနေတဲ့ အတောင်ကျိုးလိပ်ပြာဖြူလေးဆီမှာ....ပြိုင်ဆိုင်ဖို့ရာ ခေါင်းထဲတစိုးတစီတောင် အာရုံရှိမနေခဲ့ဘူးလေ.....

Namjoonကအရင်ဆုံး ဂါဝရပြုပြီး သာကြောင်းမာကြောင်းမေးပေမယ့်...လိပ်ပြာလေးဟာ ခေါင်းခါနဲ့သာ ဖြေနေခဲ့တယ်....

နောက်တော့ Boss....Bossကပုံမှန်အရာအားလုံးမှာ namjoonထက်အရင်ဆိုသော အနိုင်ရမူတွေနဲ့ပဲ ပျော်မွေ့တဲ့သူ....ဒီနေ့မှာတော့...သူဟာနောက်မှဂါဝရပြုခဲ့တယ်....ဓလေ့ထုံးတမ်းတွေကို သူမကြိုက်ပေမယ့် လိပ်ပြာလေးရဲ့မိဘတွေမို့ သူသေချာကိုဂရုစိုက်ပြုလုပ်နေပုံက လိပ်ပြာလေးကိုုသူတန်ဖိုးထားမူ ဘယ်လောက်မြင့်လဲသက်သေပဲ.... ပြီးတာနဲ့လိပ်ပြာဖြူလေးကို စူးစူးစိုက်ကြည့်ပြီး....စကားပြောဖို့ပြင်နေပေမယ့်....သူသိပ်ကြောက်နေခဲ့တယ်....

လိပ်ပြာလေးဟာတစ်ချိန်လုံး....ခေါင်းငုံနေခဲ့တာ ဘယ်သူလာလဲ ဘာတွေပြောနေကြလဲ ဘာတွေလုပ်နေကြလဲ သူသိမှမဟုတ်ဘူး....ခေါင်းငုံလျက်သူ့အချိန်အားလုံးကို ရပ်တန့်ပစ်နေသလိုပဲ လောကကြီးက အရာအားလုံးကို ခေါင်းငုံလျက်သူမေ့ထားပုံပဲ...

အနားထိတိုးသွားပြီး....တိုးလျလျအသံလေးနဲ့ နှစ်ယောက်ထဲကြားနိုင်မယ့် အသံလေးနဲ့...

"Kim seokjin shii...."

လိပ်ပြာလေးခေါင်းမော့လာခဲ့ပြီ...နောက်ပြီးမျက်ရည်တွေပါတွဲခိုလာတော့ လူမှာပြာသွားရတယ်.....

မောင့်အရိပ်Donde viven las historias. Descúbrelo ahora