ဖုန်းကိုပစ်ပေးကာ ထွက်သွားသောမဟာကျောပြင်အား ကြည့်ကာ နှစ်ယောက်သား
ခေါင်း ရမ်းမိသည်။

"ဒေါက်တာ  ဆရာဝန်ကြီးခေါ်နေတယ်ရှင့်"

ဧကရီအမြင့်စံ  သူမအားလာပြောသော  သူနာပြုမလေးကြောင့်  ဆရာဝန်ကြီးရုံးခန်းဘက်သို့ ထွက်လာလိုက်သည်။ရုံးခန်းအား တံခါးခေါက်ကာ  ဝင်သွားလိုက်တော့ ဆ ရာဝန် ကြီးက  ထိုင်ခုံမှာထိုင်ခိုင်းတာကြောင့်ဝင်ထိုင်လိုက်သည်။

"သမီးကိုခေါ်ခိုင်းတာက   ဝမ်းသာစရာသတင်းပြောစရာရှိလို့သမီးရဲ့"

"ဟုတ်ကဲ့"

"သမီးကို ဆရာတို့ဆေးရုံကိုယ်စားပြု  ဂျပန်မှာနှလုံးအထူးပြုပါရဂူဘွဲ့ယူဖို့ ဆရာတို့ဆေးရုံဘုတ်အဖွဲ့က  ဆုံးဖြတ်လိုက်တယ်
အဲဒါ သမီးသဘောကရော"

"ဟုတ်ကဲ့ သမီးသွားမယ့့်ရှင်   ဆရာ ကျေးဇူးတင်ပါတယ်ရှင့်"

"ရပါတယ် ဆရာတို့ကလဲသမီးရဲ့အရည်အချင်းကြောင့်  မြှင့်တင်ပေးတာပါ"

"ဟုတိကဲ့ဆရာ  အဲဒါဆိုခွင့်ပြုပါအုံးရှင်"

"အေးအေး သွားသွားသမီး"

ဆရာဝန်ကြီး ရုံးခန်းထဲမှတက်ကြွစွာ ထွက်လာပြီး သူမသူငယ်ချင်းများရှိရာ သားဖွားမီးယပ်  အဆောင်သို့ ထွက်လာခဲ့သည်။ဌာနနားနေဆောင်မှာ  ခေါင်းချင်းဆိုင်ကာ စကားပြောနေသော သူမသူငယ်ချင်းနှစ်ယောက်ကို နောက်မှသိုင်းဖက်ကာ

"မနန်းရတီနဲ့ မရွှေရွေးချယ် ဘာတွေများပြောနေတာတုန်း"

"အမလေး စံရယ်လန့့်လိုက်တာ "

"ဟုတ်ပ"

"ငါနင်တို့ကို သတင်းကောင်းပြောစရာရှိတယ်"

"ဘာသတင်းကောင်းလဲ မြန်မြန်ပြော"

သိချင်းစိတ်ပြင်းပြစွာ သူမအားကြည့်နေသော သူငယ်ချင်းနှစ်ယောက်ကြောင့် တစ်ချက်ရယ်လိုက်ကာ

" ငါ ပညာတော်သင်နိုင်ငံခြားသွားဖို့   ဆေးရုံကရွေးလိုက်တာ ခုနကမှဆေးရုံအုပ်ကိုယ်တိုင်ပြောလိုက်တာ"

"အမလေး  ဝယ်သာလိုက်တာ သူငယ်ချင်းရယ်  ဘယ်တော့သွားရမှာလဲ"

မောင့်ရင်မှာ အမြင့်စံ(completed)Donde viven las historias. Descúbrelo ahora