Chapter-1

11.2K 816 8
                                    

Unicode

အခန်း(၁) ကိုယ်ပိုင်နေရာလွတ် (၁)
စာရေးသူ: NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ: No Noe (Miracle_Phyu97)

"အမေ သားဗိုက်ဆာတယ်"

တိုက်ခန်းတစ်ခုတွင် လင်းချင်းဟယ်သည် သူမအိပ်စက်ရာကနေ မိန်းမောတွေဝေစွာ နိုးထလာခဲ့သည်။ ခဏအကြာတွင် သူမ သက်ပြင်းသိသိသာသာချလိုက်မိသည်။

သူမ ကုတင်ဘေးကဖုန်းကို ကောက်ကိုင်ပြီး အချိန်ကို စစ်ကြည့်လိုက်သည်။ နံနက် ၅နာရီခွဲခန့်သာရှိသေးပြီး လူနာပြက္ခဒိန်အရ မေလဖြစ်သည်။ ဒီအချိန်မှာ အပြင်ဖက်ကောင်းကင်ယံမှာ လင်းချင်းနေပြီ။

လင်းချင်းဟယ်သည် သူမဖုန်းကို တိတ်ဆိတ်စွာ ပြန်ချထားလိုက်ပြီးနောက် မှော်ဆန်သည့်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ဘယ်နေရာကမှန်းမသိပဲ သူမလက်ထဲ ရေတစ်ခွက် ရောက်ရှိလာသည်။

လင်းချယ်ဟယ်သည် ထိုခွက်ထဲက ရေနွေးပူကို စစ်ကြည့်လိုက်တော့ မနေ့ညက သူထည့်ထားသလိုပဲ ပူနွေးနေဆဲပင်။

သူမမျက်လုံးများထဲတွင် ဒီအဖြစ်အပျက်ကို လက်ခံလိုက်ရင်း လင်းချင်းဟယ်သည် မတုံ့ဆိုင်းနေတော့ပဲ ရေချိုးရန် အိပ်ရာထလိုက်သည်။

သူမသည် သာမာန်ရုံးဝန်ထမ်းတစ်ဦးသာဖြစ်ပြီး အလုပ်ကြိုးစားသည်။ လက်ရှိအချိန်တွင် သူမသည် အရောင်းမန်နေဂျာတစ်ယောက်ဖြစ်နေပြီ။ သူမသည် သာမာန်လူတစ်ဦးသာဖြစ်သော်လည်း မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှသည် သာမာန်မဟုတ်ပေ။

သူမသွားတိုက်နေရင်း မှန်ထဲကိုကြည့်မိလိုက်တော့ သူမမျက်ဝန်းအိမ်အောက်က အမည်းရောင်အကွင်းတွေကို တွေ့လိုက်ရတော့ လင်းချင်းဟယ်သည် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။ သူမနှလုံးသားထဲမှာ ရှုပ်ထွေးနေဆဲဖြစ်ပေမယ့် မိတ်ကပ်ပြင်ဆင်ဖို့ သူမ မမေ့ခဲ့ပါဘူး။

ဒီအကြောင်းကိုပြောပြရရင် ဘယ်သူမှယုံမှာ မဟုတ်ဘူး။ သုံးညဆက်တိုက် သူမကို အမေလို့ခေါ်ပြီး ဖမ်းဆုပ်ထားကာ အစားအစာတောင်းနေသော ကလေးတစ်ယောက်ကို မြင်မက်မိသည်။ ထိုအိမ်မက်သည် အစစ်အမှန်တစ်ခုလို့ ခံစားရပြီး တုံးအလှသောသူမအား ကြောက်လန့်လုနီးပါး ဖြစ်သွားမိသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now