Hobiပြောတာတွေ ပြန်ကြားလာပြန်တော့....မဟုတ်ပါစေနဲ့လို့ ဖုန်းလေးချထားခဲ့ပြီးတည်း လှေကားတစ်လျှောက် ဆုတောင်းခဲ့ပေမယ့် မပြည့်ခဲ့.....
ပါးကမှောင်ခိုဒုစရိုက်လုပ်ငန်းတွေလုပ်နေခဲ့တာတဲ့ဖြစ်နိုင့်ပါမလား...မကောင်းမှန်သမျှကို လုပ်နေခဲ့တာတဲ့ မယုံကြည့်နိုင်အောင်ပဲ....
ကုပ္မဏီမှာလဲငွေမဲတွေသုံးစွဲတဲ့တိုင်ချက်ကြောင့် စစ်ဆေးရေးဝင်လို့ သတင်းစာခေါင်းစီးရဲ့ ထိပ်ပိုင်းမှာ....စတော့ရှယ်ယာဟာလည်း ဟင်းရွက်လောက်တောင် တန်ဖိုးမရှိတော့....ရှယ်ယာရှင်တွေဟာလည်း ဒီအခွင့်အရေးကို ကျားချောင်းသနေ အခွင့်အရေးယူလို့ အိမ်ကရှိသမျှ တန်ဖိုးကြီးတွေကိုသိမ်း...ပစ္စည်းဆိုတာ ခြေချစရာကြမ်းပြင်တောင် ရှိမည်မထင်ခဲ့...
"ပါးကြောင့်ပါ.....ပါးကြောင့်ဖြစ်ရတာပါ...."
"ပါးတကယ်ပဲ အဲ့ဒီမကောင်းတဲ့အလုပ်တွေလုပ်ခဲ့တာလား...."
"ပါး....ပါး....အင့်....ဘာလို့.....ဘာလို့လုပ်ခဲ့တာလဲ...အင့်....."
ငိုနေလို့ပင် အဆုံးမသတ်သေးဘူး....အိမ်ထဲဝင်လာတဲ့လူတစ်စုကြောင့် အသက်ရူဖို့ကတောင် မေ့ပျောက်သွားတာမျိုး....
"ကျွန်တော်....စခန်းရဲ့ရဲအုပ်ပါ.....Mr.Kim Hyun Jin shii...ကျွန်တော်တို့နဲ့စခန်းကိုလိုက်ခဲ့ပေးပါ.....လွန်ခဲ့တဲ့10နှစ်က လူသတ်မူအတွက် စစ်ဆေးစရာရှိလို့ လိုက်ခဲ့ပေးပါ...."
"လူသတ်မူ.....ပါး!!!! ဘာတွေလဲ...."
"တောင်းပန်ပါတယ်သားရယ်...."
"ပါး...ပါး....အင့်ဟင်း.....ပါး....မား....အား!!!!.."
သတိလစ်နေတဲ့မိခင်ကို ဆေးရုံပို့ဖို့ရာ ပိုက်ဆံဆိုတာမရှိ ကားဆိုတာဝေးလှဝေး....
"စိတ်ထိန်းပါဦးသားရယ်...."
ဆိုတဲ့ အိမ်တော့ထိန်းကြီးမှာလည်း ပါဝါမျက်မှန်ကြီးအောက် မျက်ရည်တွေဖုံးလို့ပေါ့...
ရဲတွေနဲ့လက်ထိပ်ခတ်လို့ လိုက်သွားရတဲ့ဖခင်နဲ့ ကိုယ့်လက်ပေါ်မှာသတိလစ်နေတဲ့ မိခင်ကြောင့် ငိုရခက် ရူးရခက်ရယ်.....
နေ့ချင်းညချင်းရက်စက်တဲ့ကံတရားဟာ Kimမိသားစုဆီ တိတ်တိတ်လေးမဟုတ်ဘဲ ဝုန်းဒိုင်းကြဲရောက်လာခဲ့တယ်....
Jeon အိမ်တော်....
"Boss ကျွန်တော်တို့ရှင်းလို့ရရဲ့သားနဲ့ ရဲလက်ကိုဘာလို့အပ်ခိုင်းရတာလဲ...."
"ငါ....ငါ...ငါသူမုန်းသွားမှာစိုးလို့...."
"အခုရောဘာထူးလို့လဲ...သူ့မိဘအမှားကြောင့် သူဒီလောက်တော့ခံရမှာပေါ့...."
"ဟူး....."
သက်ပြင်းကရှည်လေပေမယ့် နောင်တမရမိဘူး...လုပ်ချင်တာလုပ်ခဲ့ရတယ်....
BossJတစ်ယောက် ပြီးခဲ့တဲ့တစ်ပတ်လုံး Kimမျိုးရိုးကိုခရေစေ့တွင်းကျ စုံစမ်းလိုက်တဲ့အခါ မယုံကြည်နိုင်အောင် အဖြစ်အပျက်တွေဟာ ချစ်ရသူရဲ့ဖခင်ဆီမှာအရင်းခံနေခဲ့တယ်...
သူစိမ်းဆိုရင်နုံနုံစင်းပြီးဖျောက်ပစ်ဦးမှာ သို့ပေမယ့်ချစ်ရသူကရှိနေသေးတာကို....
"သူ့ကို့စောင့်ကြည့်ထား teahuyng..."
"ဟုတ်ကဲ့Boss...."
BossJနှလုံးသားမှာ ကျွန်းခံဖို့အကြောင်းပါလေသလားပဲ.....လက်စားချေဖို့စောင့်ခဲ့ရဲတဲ့ ဆယ်စုနှစ်မှာအခုအချိန်ဟာ ကျေနပ်စရာအကောင်းဆုံးပဲလေ...ဒါပေမယ်သူမပျော်နိုင်ဘူး.....ချစ်ရသူဟာငိုနေမလားလို့ တွေးကြည့်ရုံနဲ့သူဟာတစ်စီဖြစ်ဖို့လုံလောက်ခဲ့ပြီ.....
ကလဲ့စားချေဖို့ သူနှစ်တွေအကြာကြီးစောင့်ခဲ့ရတာ သိရတာအသေသတ်ပစ်ဖို့ ညှင်းပန်းနှိပ်စက်ဖို့လည်း စီစဉ်ခဲ့ပြီးသား သူဘယ်တွေးခဲ့မှာ ရင်ခုန်ရဲ့လူသားကိုတွေ့လိမ့်မယ်လို့....သူဘယ်လိုထင်ခဲ့မှာလဲ သူ့ချစ်ရသူရဲ့ဖခင်ဟာ သူ့ရန်သူလို့.....သူရူးဖို့အတွက် ကံတရားဟာ တစ်ဖက်စောင်းနင်းတော့ မဟုတ်ပါဘူး....နှစ်ဖက်လုံးနာကျင်ရတယ်....သူကတော့အရင်ဆုံးနာကျင်ရသူပေါ့....
ချစ်ရပါတယ်လို့တောင် ဖွင့်မပြောရသေးဘူး နီးနီးကပ်ကပ်တောင် ဖွဲ့ဖွဲ့နွဲ့နွဲ့စကားတွေမပြောခဲ့ရသေးဘူး....ဇာတ်လမ်းကမစသေးဘူး ဗီလိန်ဖြစ်ဖို့စခဲ့ပြီ....ချစ်ရေးမဆိုရသေးဘူး မုန်းတယ်ဆိုတဲ့စကားက ကြားရဖို့သေချာသလောက်ရှိနေပြီ.....ရက်စက်လေတယ်လို့ အပြစ်တင်ဖို့ရာ တစ်စုံတစ်ဦးတောင်မရှိခဲ့ဘူး....
ငယ်သူမို့ပန်းကလေးမညိုးစေရန် အရိပ်လှလှလေးပေးချင်ပေမယ့်...ထိုအရိပ်လေးဟာ လောင်းရိပ်ဖြစ်ရော့မယ်......
💜Minna💜
