ကလဲ့စားချေဖို့ သူနှစ်တွေအကြာကြီးစောင့်ခဲ့ရတာ သိရတာအသေသတ်ပစ်ဖို့ ညှင်းပန်းနှိပ်စက်ဖို့လည်း စီစဥ်ခဲ့ပြီးသား သူဘယ်တွေးခဲ့မှာ ရင်ခုန်ရဲ့လူသားကိုတွေ့လိမ့်မယ်လို့....သူဘယ်လိုထင်ခဲ့မှာလဲ သူ့ချစ်ရသူရဲ့ဖခင်ဟာ သူ့ရန်သူလို့.....သူရူးဖို့အတွက် ကံတရားဟာ တစ်ဖက်စောင်းနင်းတော့ မဟုတ်ပါဘူး....နှစ်ဖက်လုံးနာကျင်ရတယ်....သူကတော့အရင်ဆုံးနာကျင်ရသူပေါ့....

ချစ်ရပါတယ်လို့တောင် ဖွင့်မပြောရသေးဘူး နီးနီးကပ်ကပ်တောင် ဖွဲ့ဖွဲ့နွဲ့နွဲ့စကားတွေမပြောခဲ့ရသေးဘူး....ဇာတ်လမ်းကမစသေးဘူး ဗီလိန်ဖြစ်ဖို့စခဲ့ပြီ....ချစ်ရေးမဆိုရသေးဘူး မုန်းတယ်ဆိုတဲ့စကားက ကြားရဖို့သေချာသလောက်ရှိနေပြီ.....ရက်စက်လေတယ်လို့ အပြစ်တင်ဖို့ရာ တစ်စုံတစ်ဦးတောင်မရှိခဲ့ဘူး....

ငယ်သူမို့ပန်းကလေးမညိုးစေရန် အရိပ်လှလှလေးပေးချင်ပေမယ့်...ထိုအရိပ်လေးဟာ လောင်းရိပ်ဖြစ်ရော့မယ်......

💜Minna💜

× × ×

ဆောင်းဦးရာသီရဲ့ မနက်ခင်းလေးတစ်ခု လှလှပပသီးကျူးနေတဲ့ ကျေးငှက်တွေဟာ Kimအိမ်တော် ခြံဝင်းရဲ့သစ်ပင်ကြီးမှာ ကျီကျီကျာကျာ....

အိမ်တော်ထဲမှာတော့ ဆူဆူညံညံနဲ့အရာအားလုံးဟာ ဗလာခွန်ဖြစ်ခဲ့ပြီ....

ဆွေစဉ်မျိုးဆက်မှာ စီးပွားရေးတစ်ခုထဲသာရှိခဲ့တဲ့ Kimမျိုးနွယ်....သို့ပေမယ့်Kimမျိုးနွယ်ရဲ့ တစ်မိပေါက်တစ်ယောက်ထွန်းဆိုသလို Kim Hyun Jinကတော့ မှောင်ခိုလုပ်ငန်းတွေနဲ့အပြိုင် ပြိုလဲဆဲဖြစ်ခဲ့တဲ့K-Groupကို တည့်မတ်ရင်း ထိန်းသိမ်းလာခဲ့တာ....မှောင်ခိုလုပ်ငန်းတွေကို သူငယ်ချင်းနဲ့စပ်တူလုပ်တဲ့Kim Hyun jinဟာ မိန်းမဖြစ်သူMrs.Kimနဲ့သားseokjinကို ထိုကိစ္စတွေကိုအသိမပေးခဲ့...သူနဲ့ တစ်ဦးတည်းသော သူ့သူငယ်ချင်းမိသားစုလေးသာသိပါလိမ့်မယ်....

K-Groupဟာမှောင်ခိုဂိုဏ်းရဲ့အထောက်အပံ့နဲ့ တည်တံ့နေခဲ့တာ.... အခုလက်ရှိK-Groupရဲ့စတော့ရှယ်ယာဈေးဟာ ဟင်းရွက်တန်းလိုဖြစ်နေပြီ....အကြောင်းအရာတစ်ခုပဲရှိတယ်....လက်စားချေခြင်းကိုလှလှလေးသုံးသွားတဲ့ သူငယ်ချင်းဖြစ်သူရဲ့သား....

မောင့်အရိပ်Where stories live. Discover now