"ကျွန်တော်....စခန်းရဲ့ရဲအုပ်ပါ.....Mr.Kim Hyun Jin shii...ကျွန်တော်တို့နဲ့စခန်းကိုလိုက်ခဲ့ပေးပါ.....လွန်ခဲ့တဲ့10နှစ်က လူသတ်မူအတွက် စစ်ဆေးစရာရှိလို့ လိုက်ခဲ့ပေးပါ...."
"လူသတ်မူ.....ပါး!!!! ဘာတွေလဲ...."
"တောင်းပန်ပါတယ်သားရယ်...."
"ပါး...ပါး....အင့်ဟင်း.....ပါး....မား....အား!!!!.."
သတိလစ်နေတဲ့မိခင်ကို ဆေးရုံပို့ဖို့ရာ ပိုက်ဆံဆိုတာမရှိ ကားဆိုတာဝေးလှဝေး....
"စိတ်ထိန်းပါဦးသားရယ်...."
ဆိုတဲ့ အိမ်တော့ထိန်းကြီးမှာလည်း ပါဝါမျက်မှန်ကြီးအောက် မျက်ရည်တွေဖုံးလို့ပေါ့...
ရဲတွေနဲ့လက်ထိပ်ခတ်လို့ လိုက်သွားရတဲ့ဖခင်နဲ့ ကိုယ့်လက်ပေါ်မှာသတိလစ်နေတဲ့ မိခင်ကြောင့် ငိုရခက် ရူးရခက်ရယ်.....
နေ့ချင်းညချင်းရက်စက်တဲ့ကံတရားဟာ Kimမိသားစုဆီ တိတ်တိတ်လေးမဟုတ်ဘဲ ဝုန်းဒိုင်းကြဲရောက်လာခဲ့တယ်....
Jeon အိမ်တော်....
"Boss ကျွန်တော်တို့ရှင်းလို့ရရဲ့သားနဲ့ ရဲလက်ကိုဘာလို့အပ်ခိုင်းရတာလဲ...."
"ငါ....ငါ...ငါသူမုန်းသွားမှာစိုးလို့...."
"အခုရောဘာထူးလို့လဲ...သူ့မိဘအမှားကြောင့် သူဒီလောက်တော့ခံရမှာပေါ့...."
"ဟူး....."
သက်ပြင်းကရှည်လေပေမယ့် နောင်တမရမိဘူး...လုပ်ချင်တာလုပ်ခဲ့ရတယ်....
BossJတစ်ယောက် ပြီးခဲ့တဲ့တစ်ပတ်လုံး Kimမျိုးရိုးကိုခရေစေ့တွင်းကျ စုံစမ်းလိုက်တဲ့အခါ မယုံကြည်နိုင်အောင် အဖြစ်အပျက်တွေဟာ ချစ်ရသူရဲ့ဖခင်ဆီမှာအရင်းခံနေခဲ့တယ်...
သူစိမ်းဆိုရင်နုံနုံစင်းပြီးဖျောက်ပစ်ဦးမှာ သို့ပေမယ့်ချစ်ရသူကရှိနေသေးတာကို....
"သူ့ကို့စောင့်ကြည့်ထား teahuyng..."
"ဟုတ်ကဲ့Boss...."
BossJနှလုံးသားမှာ ကျွန်းခံဖို့အကြောင်းပါလေသလားပဲ.....လက်စားချေဖို့စောင့်ခဲ့ရဲတဲ့ ဆယ်စုနှစ်မှာအခုအချိန်ဟာ ကျေနပ်စရာအကောင်းဆုံးပဲလေ...ဒါပေမယ်သူမပျော်နိုင်ဘူး.....ချစ်ရသူဟာငိုနေမလားလို့ တွေးကြည့်ရုံနဲ့သူဟာတစ်စီဖြစ်ဖို့လုံလောက်ခဲ့ပြီ.....
