အပေါ်ထပ်ကာ ဆင်းလာတဲ့မြင်ရတဲ့မြင်ကွင်းဟာ Kimအိမ်တော်မှာပါလို့ ယုံကြည့်စရာအကြောင်းမရှိခဲ့.....ပစ္စည်းတွေချိတ်ပိတ်ကာသိမ်းရလောက်တဲ့အထိ ဆိုးဆိုးဝါးဝါး....မားဟာလည်း ကြမ်းပြင်ပေါ်ဒူးထောက်လျက်သား ပါးရဲ့ပေါင်တွေပေါ် သတိလစ်နေခဲ့ပြီ....
"ပါး......မား......"
မျက်ရည်တွေဟာ ရေရေရာရာအကြောင်းအရင်းဂဂနနတောင် မသိရသေးဘူး သတိမေ့နေတဲ့မိခင်ဖြစ်သူကြောင့်ပြိုပြိုလဲလဲ.....
"သား..."
ဖခင်ထံကအသံဟာ အသက်မဲ့စွာ တောင်းပန်နေသယောင်.....
"မားကိုဆေးရုံတင်ဖို့လုပ်လေ!!!!....ဘာလုပ်နေကြတာလဲ....!!!!...."
သတိမေ့နေတဲ့ မိခင်ဖြစ်သူကိုဖခင်ထံမှ ထိန်းမရင်း အိမ်အကူတွေကိုအော်တဲ့အခါ....မယုံကြည်နိုင်စရာစကားတစ်ခွန်းကြားခဲ့ရပြန်တယ်....
"သား.....ပါးတောင်းပန်ပါတယ်...."
"ဘာအတွက်လဲ...."
Hobiပြောတာတွေ ပြန်ကြားလာပြန်တော့....မဟုတ်ပါစေနဲ့လို့ ဖုန်းလေးချထားခဲ့ပြီးတည်း လှေကားတစ်လျှောက် ဆုတောင်းခဲ့ပေမယ့် မပြည့်ခဲ့.....
ပါးကမှောင်ခိုဒုစရိုက်လုပ်ငန်းတွေလုပ်နေခဲ့တာတဲ့ဖြစ်နိုင့်ပါမလား...မကောင်းမှန်သမျှကို လုပ်နေခဲ့တာတဲ့ မယုံကြည့်နိုင်အောင်ပဲ....
ကုပ္မဏီမှာလဲငွေမဲတွေသုံးစွဲတဲ့တိုင်ချက်ကြောင့် စစ်ဆေးရေးဝင်လို့ သတင်းစာခေါင်းစီးရဲ့ ထိပ်ပိုင်းမှာ....စတော့ရှယ်ယာဟာလည်း ဟင်းရွက်လောက်တောင် တန်ဖိုးမရှိတော့....ရှယ်ယာရှင်တွေဟာလည်း ဒီအခွင့်အရေးကို ကျားချောင်းသနေ အခွင့်အရေးယူလို့ အိမ်ကရှိသမျှ တန်ဖိုးကြီးတွေကိုသိမ်း...ပစ္စည်းဆိုတာ ခြေချစရာကြမ်းပြင်တောင် ရှိမည်မထင်ခဲ့...
"ပါးကြောင့်ပါ.....ပါးကြောင့်ဖြစ်ရတာပါ...."
"ပါးတကယ်ပဲ အဲ့ဒီမကောင်းတဲ့အလုပ်တွေလုပ်ခဲ့တာလား...."
"ပါး....ပါး....အင့်....ဘာလို့.....ဘာလို့လုပ်ခဲ့တာလဲ...အင့်....."
ငိုနေလို့ပင် အဆုံးမသတ်သေးဘူး....အိမ်ထဲဝင်လာတဲ့လူတစ်စုကြောင့် အသက်ရူဖို့ကတောင် မေ့ပျောက်သွားတာမျိုး....
^13^
Mulai dari awal
