စုလင်း သူ့ရဲ့ ကံမ​ကောင်းမှုအတွက် စိတ်ထဲက​နေ ကျိန်ဆဲလိုက်မိပြီး လဲကျသွားဖို့ပဲ အဆင်သင့်​ပြင်ထားလိုက်သည်။ ​နောက်အခိုက်အတန့်အ​တွင်းမှာပဲ သူ့ခါးက တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရပြီး သူ့ပုခုံး​တွေဟာ ​ပွေ့ဖက်ခံလိုက်ရသည်။ သူ စိတ်ချလုံခြုံသည့်အ​နေအထား​ရောက်သွားချိန်တွင် သူ့နားရွက်​တွေ​ ဘေးဘက်မှ ကုလီဟန်ရဲ့ အသံ ထွက်​ပေါ်လာသည်။

"မင်း အဆင်​ပြေရဲ့လား?"
[Meanwhile Jue 😁🤩 ​ကျေနပ်လိုက်တာရှင်]

စုလင်း ကုလီဟန်ရဲ့ တည်ငြိမ်​နေသည့် အသံကို ကြားလိုက်ရချင်းပဲ သူ့စိတ်ထဲလည်း တည်ငြိမ်သွားသည်။ စုလင်း မတ်မတ်ရပ်လိုက်ပြီး

"ကျွန်​တော် အဆင်​ပြေပါတယ်"

"အမ်း.... အရမ်းကို အဆင်မ​ပြေဘူး၊ ကျွန်​တော့်ကို ကူညီပါဦး"
[​သေ​လေ😊]

​ကျောင်းချီ​ မြေပြင်​ပေါ်တွင် ထိုင်ပြီး ကုလီဟန်ရဲ့ ​ဘောင်းဘီကို ဆွဲရန် လက်လှမ်းလိုက်သည်။

​စေးကပ်ပြီး​မွှေးသည့် pheromone နံ့က ​လေထုထဲတွင် ပြင်းထန်လာသည်။ ​ကျောင်းချီရဲ့မျက်နှာက မူမမှန်စွာ နီမြန်း​နေပြီး လည်ပင်းမှာလည်း နီရဲ​နေခဲ့သည်။ သူ့အသားအ​ရေက ပန်း​ရောင်သန်းပြီး နူးညံ့​နေကာ မျက်လုံး​တွေကလည်း မျက်ရည်များဖြင့် ပြည့်လျှံကာ စိတ်ကူးယဥ်ဆန်​နေသည်။ သူ့ကို မြင်​တွေ့​ရသည့် သူတိုင်း ဂရုစိုက်​ပေးချင်လာ​စေသည်။ ခုနကမှ ငြှိမ်းသက်ထားရသည့် စုလင်းရဲ့​ဒေါသ​တွေ ​ပေါက်ကွဲထွက်လာပြီး သူ ချက်ချင်းပဲ ကုလီဟန် လှည့်ကြည့်လိုက်သည်။

ကုလီဟန်ရဲ့ အမူအယာက ပုံမှန်အတိုင်းပင် ဖြစ်​သော်လည်း သူ့မျက်ခုံးများက အနည်းငယ်တွန့်ချိုး​နေခဲ့သည်။ သူက ​​ခြေတစ်လှမ်း​နောက်ဆုတ်ပြီး ကျောင်းချီရဲ့ လက်ကို ​ရှောင်လိုက်သည်။ Pheromone ​တွေရဲ့ သိပ်သည်းမှုက Alpha ကို ညှင်းပန်း​နေသလိုပင်။ ကုလီဟန် လည်ပင်းအ​နောက်က အပူကို နည်းနည်း​လျော့​အောင် ​ကော်လာကို ဆွဲချလိုက်ပြီး စုလင်းကို ​ဆေးထိုးအပ်ကို ကမ်း​ပေးလာသည်။

"သူ့ကို ​ဆေးထိုး​ပေးလိုက်၊ ဒါသူရဲ့ တား​ဆေးပဲ"

စုလင်း မဆိုင်းမတွဘဲ လှမ်းယူလိုက်ကာ ​ကျောင်းချီငြင်းဆန်​နေတာကို လျစ်လျူရှုလိုက်ပြီး ​ကျောင်းချီရဲ့ လက်​မောင်းထဲကို တား​ဆေး ထိုးသွင်းလိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now