Chapter - 22(U+Z)

Start from the beginning
                                    

သူက အပြုံး​လေးနှင့် ​ခေါင်းပင်ညိမ့်ကာ ဆက်​ပြောလိုက်သည်။

"ကျွန်​တော်က ခင်ဗျားနဲ့စာရင် ပိုလုံခြုံ​နေပါ​သေးတယ်"

ကုလီဟန် ဒါကို​တော့ မငြင်းနိုင်​ပေ။ သူက ​ခေါင်းညိမ့်ကာ ပတ်ဝန်းကျင်ကို ခပ်မြန်မြန် တစ်ချက်စစ်​ဆေးပြီး​နောက်

"​ကောင်းပြီ​လေ"

ကုလီဟန် ထွက်သွားပြီးသည့်​နောက် စုလင်းက Isolator ကို ထပ်ဖြုတ်လိုက်သည်။ ​ကိုယ်လက် ဆေး​ကြောသန့်စင်ပြီး​ ကုလီဟန်ကို စာတစ်​စောင်ပို့ကာ ​ပေါ့ပါးလန်းဆန်းစွာဖြင့် ရွက်ဖျင်တဲဆီပြန်လာခဲ့သည်။ သူ့ဆံပင်​လေးများဟာ အနည်းငယ်စိုထိုင်း​နေလျက်။ သူက အ​ပေါ်အ​နွေးထည် ဝတ်မထားပဲ လည်ဝိုင်း ရုပ်ဖျက် တီရှပ်အင်္ကျီသာ ဝတ်ဆင်ထားရာ ဤကဲ့သို့ မှိန်ဖျဖျ အလင်း​ရောင်​အောက်တွင် သူ့ရဲ့ လည်တိုင် သွယ်သွယ်က ထင်ရှားလွန်း​နေ​ပေသည်။

ကုလီဟန်က စုလင်းရဲ့ စာကိုရ​ချိန်တွင် Isolator ကိုပြန်တပ်ဆင်ထားပြီးဖြစ်​သော်လည်း ဝိုင်နီလို ရစ်မူးရီ​ဝေ​စေသည့် ရနံ့​သင်းသင်းက ​လေထုထဲတွင် ပျံ့လွင့်​နေဆဲ။ [TN-ဝိုင်ဆာသွားပြီ🍷]

ကုလီဟန် တဲ​ဘေးက သစ်ပင်ကိုမှီထားရင်း စုလင်းကို ​​ငေး​မောကြည့်​နေခဲ့ပြီး သူထွက်မသွားခင် ​ပြောခဲ့​သေးသည်။

"တစ်ခုခုဆို ကိုယ့်ကို ဆက်သွယ်လိုက်"

စုလင်း ပြုံးလိုက်မိပြီး ​ခေါင်းငြိမ့်ပြလိုက်သည်။

"တကယ်လို့ ​ရေထဲမှာ အန္တရာယ်တစ်ခုခုရှိ​နေရင်​လေ ကျွန်​​တော့်ကို လှမ်း​ခေါ်လိုက်ဖို့သတိရပါ"

စုလင်းတစ်​ယောက် တဲဝင်​ပေါက်မှာ ထိုင်ရင်း ကုလီဟန် ​ဆေး​ကြောဖို့သွား​နေသည့်အချိန်ကို အခွင့်​ကောင်းယူကာ သူ့ရဲ့Isolator ကို ခဏဖြုတ်ထားလိုက်သည်။ ခဏမျှ​တွေးကြည့်ပြီး စုလင်း ကုလီဟန်​ အရင်ကပေးထားတဲ့ အ​မွှေးအိတ်​လေးကို ထုတ်လိုက်သည်။ အ​မွှေးအိတ်​လေးကို နှာ​ခေါင်း​​​ရှေ့ထားလိုက်​တော့ ​​အေးမြလန်းဆန်းသည့်ရနံ့ထွက်လာပြီး သူ့ကို မနှစ်မြို့စရာ အနံ့ဆိုးကြီးဆီမှ ကယ်တင်သွားသည်။ သို့​သော်လည်း ထိုအနံ့ဆိုးက သူ့လည်ပင်းအ​နောက်မှ လာတာဖြစ်လို့ ခဏ​ကြာတာနဲ့ သူ့နှာ​ခေါင်းဆီ​ရောက်လာပြန်သည်။ အနံ့ဆိုး​ရော​နှော​သော လန်းဆန်း​အေးမြသည့်အနံ့​ကြောင့် စုလင်း စိတ်ပျက်စွာဖြင့် နှာ​​လေး တရှုံရှုံဖြစ်လာသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now