သူ့ပေါင်အတွင်းပိုင်းနဲ့ ခြေထောက်တွေ ရောင်ရမ်းပြီး ထုံကျင်နေတာ အံ့သြစရာမရှိတော့ဘူး။ သူ့တင်ပါးတွေမှာလည်း ဒီလို ခံစားချက်မျိုးခံစားရတာကြောင့် သူ့ခြေထောက်တွေ အနေအထားနဲ့ အတူတူ ဖြစ်နေနိုင်တယ်။

ရှုကျင်ထျန်းက ခြေထောက်တွေကိုဖြန့်ပြီး ရှက်စရာအကောင်းဆုံးနေရာကို ကြည့်ဖို့ ခေါင်းကို အတတ်နိုင်ဆုံး ငုံ့ထားလိုက်သည်။ ဒါပေမယ့် သူ အဲ့ဒါကို မမြင်နိုင်သလို လွန်ကဲစွာကိုက်ခဲနေတဲ့ ခါးကလည်း အများကြီးကွေးညွှတ်လို့မရဘူး။

ရှုကျင်ထျန်းသည် ၎င်းကိုထိရန် လက်လှမ်းမှီရုံသာ ရှိသေး။ သူ့နောက်မှာ မခြောက်သေးတဲ့ ချောချောအရည်တွေ ရှိနေသေးမှန်းသိလိုက်သည်။ သူ၏လက်ချောင်းများသည် မူလတင်းကျပ်စွာပိတ်သောနေရာ၌ ကွာဟချက်တစ်ခုကို ခံစားခဲ့ရသည်။ ရှုကျင်ထျန်းက တင်းကျပ်ရန် ကြိုးစားသော်လည်း မရခဲ့ပေ။ သူ တင်းတင်းကျပ်ကျပ် ကျုံ့လိုပ်သော်လည်း စက္ကန့်အနည်းငယ်ကြာမှာ စိတ်လျှော့လိုက်သောအခါ ဝင်ပေါက်က ချက်ချင်းပြန်ပွင့်လာသည်။

"ဖာ့ခ် ဖာ့ခ် ဖာ့ခ်!! သူငါ့ကို အသက်ရှင်စေချင်သေးတာလား!”

ရှုကျင်ထျန်းသည် ဆက်မကြည့်တော့ဘဲ မျက်လုံးများကိုမှိတ်ထားလိုက်ပြီး သူ့ကိုယ်သူစောင်နဲ့အုပ်ထားလိုက်သည်။ မမြင်ရသေးတဲ့အရာကို သန့်ရှင်းသည်ဟု မှတ်ယူလိုက်မည်။

အချိန်အတော်ကြာပြီးနောက် ဂူထဲတွင် လှုပ်ရှားမှု လက္ခဏာများပေါ်လာသည်။

ရှုကျင်ထျန်းသည် ဤဂူပေါက်ကို မျက်နှာချင်းဆိုင်ပြီး သူ့ကိုယ်သူစောင်ဖြင့် တင်းတင်းကြပ်ကြပ် ထုတ်ပိုးထားသည်။ သူက လုံးဝကိုမထဘဲ တိတ်တိတ်လေး နားစွင့်နေသည်။

"ထျန်းထျန်း ကိုယ်ပြန်လာပြီ"
ရှုဟန်ယွီက ညင်သာစွာပြောပြီး သူ့လက်ထဲက ပစ္စည်းတွေကို ချလိုက်သည်။

မသဲကွဲသော ခြေသံများ ထွက်ပေါ်လာပြီးနောက် မြေပြင်ပေါ်တွင် လေးလံသော အရာတစ်ခုရယ် ပြီးတော့ ပိုလေးတဲ့ အရာတစ်ခုကို မြေကြီးပေါ်တွင် ချလိုက်သံကိုကြားလိုက်ရသည်။ ဒါပေမယ့် အဲဒါဘာလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ?

မြွေသားရဲ၏ဇနီးသည် 【MM Translation】Onde histórias criam vida. Descubra agora