တဖက်ကတက္ကသိုလ်ကျောင်းမှာ🏢🏢....
မနက်ကအတန်းကို ဖြစ်သလိုလာခဲ့ပေမယ့် အပြန်ကျဒုက္ခရောက်နေတဲ့အလှလေး...
သူများတွေကားလှလှတွေနဲ့ ကျောင်းဝင်းထဲကဝင်လာလိုက် ထွက်ခွာလိုက်လုပ်နေလေ...အလှလေးတို့ ဒေါပွလေပဲ...
"လူယုတ်မာ...သူလာကြိုရမှာ..သူ့Bossကိုပြောထားတာဆိုတော့ မပူတော့ဘူး..."
လာပါပြီ အနက်ရောင်တောက်နေတဲ့ ဟိုလူကြီးရဲ့ကားနဲ့ ယှဥ်လျက်ဝင်လာတဲ့ အနီရောင်ကားလှလှလေးတစ်စီး....
"ဟင်....hyungရဲ့အတွင်းရေးမှူးပါလား...ငါ့ကိုလာကြိုတာလားမသိဘူး...."
"Jimin...အတန်းဆင်းပြီလား...CEOကလာကြိုခိုင်းလိုက်လို့..."
"ခဏလေးhyung..."
ဟုိလူကားပေါ်က ဆင်းတောင်မလားဘူး....
ဒေါက်...ဒေါက်....
မောင်းသူဘက် တံခါးခေါက်လိုက်တော့...မှန်ချပြီးကြည့်လာတဲ့ မျက်လုံးညိုညိုနဲ့အမျိုးသားတစ်ယောက်....သိပ်ချောတဲ့အမျိုးသားပါပဲ....အပြစ်အနာဆာမရှိဘဲ မျက်လုံးတွေဟာ တောက်ပပြီးချောမောလွန်းတယ်...
"ဟို...ဟို...Min Yoongiဆိုတဲ့လူဘယ်မှာလဲ...."
စကားတောင် မပြောဘဲမေးငေါ့ပြလာတဲ့လူ...တစ်ပုံစံထဲပဲ ဟိုလူနဲ့ချေလိုက်တာ အမြင်ကပ်စရာပဲ.....ဟိုလူကနောက်ခန်းထဲ ခေါင်းမှီလို့စမတ်ကျကျမှေးနေတာ အကြည့်လွှဲဖို့ရာ အကြောင်းမရှိခဲ့....
ကားတံခါးကိုဖွင့်ပြီး ဟိုလူကိုဆွဲစောင့်လိုက်တယ်...
"ဒိီမှာ....ဒီမှာ...."
"ဘာလဲ အသေးလေးရာ ပြန်မှာမို့လားတက်...သွားမယ်..."ဆိုပြီး...လက်ကနေဆွဲလိုက်တော့ ကားထဲအလိုက်သင့်လေး ပါသွားတဲ့ကျွန်တော်....
Hoseokတစ်ယောက်လှမ်းကြည့်နေရင်းမှ jiminကုိလှမ်းဆွဲတာမြင်လိုက်တော့...ကားနားအပြေးေရာက်လာပြီး...
"Jimin...ဘာဖြစ်တာလဲအဆင်ပြေရဲ့လား..."
ဘယ်သူတွေလဲ ဘာတွေလဲမသိဘူး သူတို့ညီအစ်ကို ဇာတ်ရူတ်လွန်းတယ်....
ပြန်မရောက်သေးဘူး..CEOရုံးခန်းထဲအမျိုးသားနှစ်ယောက် ထိုးကြိတ်ကြတဲ့သတင်းကြားနေရပြီ...ဒီမှာလည်းဆွဲလားလွဲလားနဲ့...
