"ကိုယ်လား..."
ဘယ်လိုဖြေရမလဲ....မင်းကိုသဝန်တိုလို့ ကိုယ်ပြေးလာခဲ့ရတယ်လို့လား...မဖြစ်သေးဘူး..အရူးလုပ်ဦးမှ...
"အရူးလုပ်မနေနဲ့ မင်းကိုမေးနေတာပေါ့..."
"ကိုယ်က မင်းဆီလာတာလေ...မင်းကိုတွေ့ချင်လို့..."
"ရှယ်ယာဝင်မလို့ပါဆို..."
"အာ....အာ...ဟုတ်တယ်...ရှယ်ယာလည်းဝင်မယ်...မင်းနဲ့လည်းတွေ့မယ်လေ...မရဘူးလား..."
"တော်...မင်းအကြောင်းလဲဘာမှမသိဘူးလေ...ပြီးတော့မင်းကဘာလုပ်လဲဆိုတာလဲမသိဘူး..."
"ကုိယ်ရေးရာဇဝင်လိုသေးလို့လား..CEOKim..."
"လိုတာတော့ မဟုတ်ဘူးပေါ့...ဒါပေမယ့်...မင်းကဘာမှမလုပ်တတ်ဘူးဆို..."
"ကိုယ်ဘာမှမလုပ်တတ်ဘူးလေ...မင်းကူညီပေါ့..."
"ကောင်းပြီ...မင်းပြန်တော့..."
"ပြန်မယ်...ကိုယ်ကားကလမ်းမှာကျန်ခဲ့တယ် ဆီကုန်သွားလို့.."
"Taxiစီးပြန်..."
"ဖုန်းလဲမပါဘူး....ပိုက်ဆံအိတ်လဲမပါဘူး...ကျန်ခဲ့တယ်..."
"မင်းဘယ်လိုလာတာလဲ..."
"ကိုယ်မင်းကို RMနဲ့အတူရှိနေမှာစိုးလို့...ကိုယ်အသည်းအသန်လာတာ...ဖုန်းကလည်းကျန်ခဲ့တယ်..ပိုက်ဆံအိတ်လည်း သတိမရဘူး...လမ်းရောက်တော့ဆီကုန်သွားတယ်...ကိုယ်မင်းဆီပြေးလာခဲ့တာ...ရပြီလား..."
မနေနိုင်နဲ့အဆုံး အားလုံးပြောမိသွားတော့တယ ်အရိပ်မိပါေစနဲ့ကွာ
"ဘယ်လို....ပြေးလာတယ်...ဒီပုံစံနဲ့..."
သူသဝန်တိုနေတာလား....မဖြစ်နိုင်ပါဘူး
"မသိဘူး....ကုိယ်ပြေးလာမိတာ ပထမဆုံးပဲ..."
"ထားပါတော့...အခုပြန်ရင်လိုက်ပို့ပေးမယ်...ဟုတ်ပြီလား...."
"အင်းပါ..."
သူကို့ခဏထားခဲ့ပြီး...CEOရုံးခန်းလား အမှိုက်ကန်လား မသဲကွဲတော့တဲ့...ကုိယ့်ရုံးခန်းကိုရှင်းဖို့ သွားပြောရတော့တယ်....
"လာလေပြန်မယ်..."
နှစ်ယောက်သားအတူတူ ကားအဖြူရောင်လေးထဲ အနက်ရောင်လူသားနဲ့ ပန်းနုရောင်လူသားတို့ စကားတွေပြောရင်း....Jeonအိမ်တော်ဆီသို့ မောင်းနှင်ခဲ့ကြတော့တယ်...
