"လွှတ်..."
"မင်းလွှတ်လေ..."
"မင်းအရင်လွှတ်..."
"မင်းအရင်လွှတ်လိုက်..."
ကလေးတွေလို မင်းလွှတ်မှငါလွှတ်မယ်လို့ ကလေးဆန်ဆန်ပြုမူနေကြတဲ့ မူလတန်းကျောင်းသားတွေလိုပဲ....မှောင်ခိုလောကထဲ ပြန့်သွားရင်ကြားမကောင်းနဲ့ လုပ်ရပ်မျိုးပါ...

"နှစ်ယောက်လုံးလွှတ်လိုက်တော့...ဒီမှာတွေ့လား..."
လက်ထဲက ရေနွေးဘူးကိုပြလိုက်မှ လွှတ်လိုက်ကြတော့တယ်....

"ကဲ...namjoon shii...ပြန်လိုက်ပါတော့...နောက်မှဆက်သွယ်..."
စကားတောင်မဆုံးသေးဘူး...ဘေးကသကောင့်သားက...

"ငါပြောတာလက်ခံရင်ခံ လက်မခံရင်ဖြတ်လိုက်...ရှင်းတယ်နော်..."

"ကျွန်တော်ပြန်လိုက်ပါဦးမယ်...နောက်မှတွေ့ကြတာပေါ့...လူလူချင်းပဲ..."

"ကောင်းပါပြီ...."

"မင်းအရင်ဟောင်တာလေ....ခွေးကောင် သွားခါနီးခွပ်သွားသေးတယ်..."

"ကဲပြော...ဘာဖြစ်ကြတာလဲ..."
တကယ် ကလေးတွေလိုပဲ သူတစ်ပြန်ကိုယ်တစ်ကျော့ထိုးနေကြတယ်...

"ကိုယ်ရေဆာတယ်..."

"ရေမရှိတော့ဘူး...မင်းတို့ကိုပက်လိုက်ပြီလေ..."
ရေနဲ့ပက်လိုက်တာတောင် မသိလေရော့လား...ခေါင်းမှရေတွေဆက်လက်...

"ဟမ်..."

"လာဒီကို...ရော့...."
သပတ်တစ်ထည်ကမ်းပေးတော့...ဆိုဖာမှာပြန်ထိုင်ပြီး ငြိမ်ငြိမ်လေး ရေသုတ်နေလေရဲ့....ခေါင်းရေသုတ်ခိုင်းထားပြီ...သူသောက်ဖို့ရေသွားခပ်ရသေးတယ်...

"မင်းကိုယ့်ကိုစိတ်ဆိုးသွားလား..."
ရေခွက်လေးကိုင်ပြီးပြန်လာတဲ့သူလေးကို မေးလိုက်တော့

"မင်းတို့ကလေးတွေလည်းမဟုတ်ဘဲ....ရန်ဖြစ်တာမထူးဆန်းဘူးလား..."
တကယ်ပဲ သူလွှတ်ငါလွှတ်နဲ့က လုပ်ကျသေးတယ်...

"မထူးဆန်းဘူး....သူနဲ့ကိုယ်ကမတည့်ဘူး...ဟိုတုန်းထဲကမတည့်တာ..."

"ဟိုတုန်းထဲကဆိုတော့...သူငယ်ချင်းတွေလား..."

"ရန်သူတွေ..."

"ဟမ်...ထားပါ....ဒါနဲ့ဒီပုံစံနဲ့ဒီကိုလာတာ အကြောင်းရှိလို့လား..."
အူကြောင်ကြောင်ပုံစံနဲ့ မသိချင်ယောင်ဆောင်ပြီး အရူးလိုဖြေသေးတယ်...

မောင့်အရိပ်Where stories live. Discover now