ခပ်အေးအေးနဲ့တည်တည်ငြိမ်ငြိမ်ဖြေလေတဲ့Boss J....
"namjoonကရော ဘာပြောချင်သေးတယ်..."
"မပြောတော့ဘူး..."
"ဟမ်...ဒါဆိုမင်းတို့နှစ်ယောက်ဘာလို့သိနေတာလဲ....ပြီးတော့ ဂျေနဲ့RMဆိုတာက ဘာလဲ..."
သကောင့်သားနှစ်ယောက် အကျပ်ရိုက်နေပုံပဲ....
"အာ....ကိုယ့်ကိုရေတိုက်ပါလား...ပြေးလာရလို့..."
စကားလမ်းကြောင်းလွှဲမှ....မဟုတ်ရင်ပေါ်ကုန်တော့မယ်....
"အင်း...ခဏလေးနော်....သွားယူပေးမယ်..."
"အင်း..."
"မင်းသတိထားနေ....ငါ့ကောင်လေးနား...ရစ်သီရစ်သီလာလုပ်မနေနဲ့RM...."
"မင်းလည်းလာမရူတ်နဲ့ဂျေ အစကတော့လုပ်လုပ်နေတာ မင်းရောက်လာတော့ ငါစိတ်ပြောင်းသွားသလိုပဲ..ဟက်...သူလေးကအတော်လေးချောတယ်ဟ...."
ခွပ်....
ဘာမပြောညာမပြောနဲ့ ထထိုးလိုက်ပြီး...namjonoကို လည်ပင်းကဆွဲဆောင့်ကာ ထိုးလေတော့တယ်....
"ခွေးစကားမပြောနဲ့.....မင်းစိတ်နဲ့တောင်မပြစ်မှားနဲ့RM.."
ခွပ်....
ဒီတစ်ခါ BossJမျက်နှာထက် ရောက်လာတဲ့ လက်သီးတစ်ချက်....
"မင်းနဲ့လည်းမဆိုင်သေးပါဘူးဂျေရာ...ငါလည်းအခွင့်အရေးရှိတာပဲ..."
"မင်း!!!!..."
ဒေါသတွေမာန်ဖီနေတဲ့ Mafiaနှစ်ယောက်...အင်္ကျီစကိုကျစ်ကျစ်စုတ်ထားပြီး..လက်သီးရွယ်ထားတဲ့ သတ်လတ်ပိုင်းအမျိုးသားနှစ်ယောက်...လူကြားလို့မှမကောင်း...ဘာတဲ့CEOအလှလေးကို လုကြတာတဲ့လေ...Mafiaနှစ်ယောက်ရန်ဖြစ်တာ ကောင်လေးတစ်ယောက်ကြောင့်တဲ့လေ...
တစ်ယောက်တစ်လှည့်စီ တစ်ယောက်တစ်ချက်စီ ထိုးကြရင်းအလှလေးဝင်လာတာတောင် မသိနိုင်ခဲ့....
"ဟာ...ဒါဘယ်လိုဖြစ်နေကြတာလဲ..."
တစ်ခန်းလုံးရှိသမျှ ပစ္စည်းတွေဟာ jeonရဲ့ခေါင်းလိုပဲ ဖရိုဖရဲနဲ့ဖွာလန်ကျဲနေတာ....ဒါတောင်မရပ်နိုင်သေးဘူး...
"တော်တော့လို့ပြောနေတယ်လေ...အင့်ဟာ..."
တားမရလို့ စိတ်တိုတဲ့အဆုံး လက်ထဲကကိုင်လာတဲ့ရေခွက်နဲ့ ပက်ပစ်လိုက်တယ်....
