ဖုန်းပြောနေရင်း ဒီကောင်လာတယ်ဆိုတဲ့ အသံကြောင့် ငယ်ထိပ်မြွေပေါက်ခံရသလိုပဲ ဆိုးဝါးလွန်းတယ်....ဒေါသအစုံဟာထိန်းမရပြီမို့ ဖုန်းကိုချပစ်ပြီး ပြင်ဆင်မနေတော့ဘဲ အိမ်နေရင်းပုံစံ....ဖရိုဖရဲဆံပင်တွေတောင် မသနိုင်ခဲ့....အိမ်နေရင်းတောင် ချောတာမို့ပြင်ဆင်မနေတော့ဘူး အရေးကြီးတာက ဒီကောင်ကိုစိတ်မချဘူး....

ဖုန်းတောင်ဘယ်နားကျန်ခဲ့လဲမသိဘူး....ကားယူပြီးအသည်းအသန်မောင်းလာတာ ရောက်ခါနီးကျမှ ဆီကုန်ပြီးကားကရပ်သွားသေးတယ်....သတိထားမိတော့မှ ပိုက်ဆံအိတ်လည်းမပါဘူး ဖုန်းလည်းမပါဘူးဆိုတော့...ပြေးလာခဲ့ရတော့တယ်...အဲ့တော့မသနိုင်ခဲ့တဲ့ဆံပင်တွေဟာ ဖရိုဖရဲပေါ့....မောတာကတစ်မျိုး...မမောပါဘူး...သူ့မျက်နှာလေးမြင်လိုက်ရတာနဲ့ပျောက်ရော...

"Jin....jin hyung...."
မောလို့သေတော့မယ်...

တံခါးသံအရှိန်ပြင်းပြင်းနဲ့တိုးတိုက်ဝင်လာတဲ့သူကြောင့်အလှလေးဟာ စကားတွေတောင်ထစ်လို့ပေါ့.....namjoonကတော့လှည့်ကြည့်ပြီး တုန်လှုပ်ခြင်းမရှိခဲ့....

"အာ....Jeonjungkook...ဘယ်...ဘယ်လိုလုပ်ပြီး...."

"ဘာဖြစ်လို့လဲ ကိုယ်လာလို့မရဘူးလား..."

"မ...မ...မဟုတ်ပါဘူး...လာလေ...ထိုင်.."ဆိုတော့...
ကျွန်တော်နဲ့ကပ်ရပ်ခုံမှာလာထိုင်တဲ့သူ ပုံစံကြည့်ရတာလဲ ဖရိုဖရဲနဲ့ပြေးလွှားလာပုံ...ပြီးတော့ သူတို့နှစ်ယောက်ထဲပြောချင်ရာပြောတော့တယ်

"မင်းအခုလုပ်နေတဲ့projectထဲငါပါရှယ်ယာဝင်မယ်..."

"မင်းအားနေတာလားဂျေ..."

"ငါနှစ်ခါမပြောဘူးRM..မဟုတ်ရင်မင်းတို့projectကိုဖျက်လိုက်..okလား..."

"ဂျေ....မင်း!!!!!..."

"နေကြပါဦး...မင်းတို့နှစ်ယောက်ကဘာလဲ..."
အဲ့တော့မှ သကောင့်သားနှစ်ယောက်လုံး အကြည့်ကကျွန်တော့်ဆီကျရောက်လာပြီး...

NJ-"သူငယ်ချင်းငယ်..."
Jk-"ဘာမှမဟုတ်ဘူး.."

တပြိုင်ထဲဖြေလိုက်တဲ့အဖြေက ကွဲလွဲစွာ....

"ဘာတွေလဲ...ဘာမှမဟုတ်ဆိုတာဘာလဲ jeon..."

"ဟုတ်တယ်...ကိုယ်နဲ့သူက ဘာမှမဟုတ်ဘူးလေ..."

မောင့်အရိပ်Where stories live. Discover now