"ကြားလား..မင်း"
"သွားပြီ သွားပြီ..."
အောက်နေ ခြေထောက်နဲ့ ပိတ်ကန်တော့မည်မို့ အဝန်း အမြန်ပဲထွက်လာခဲ့လိုက်သည်။
"ဒီကောင်တော့ လွတ်အောင်ရှောင်သွားပြန်ပြီ.."
"သက်လျာ မင်း အဝန်းကိုအရမ်းကြည့်မရတာပဲလားဟင်။"
ကပ်ကြေးကိုချပြီးနောက်မှာ မတ်တပ်ရပ်နေလျက်ကပင် သက်လျာကို စေ့စေ့ကြည့်ကာ မေးမိသည်။ တကယ်ဆို ချုပ်ရိုးကို ဖြတ်ပြီးပြီမို့ သက်လျာနဲ့အဝန်းရှိရာသို့ သူကြည့်နေမိတာ ကြာနေပါပြီ။ လက်ကလေးမေးထောက်ထားတာကို သိလျက်နဲ့ လက်ကိုဖြတ်ရိုက်လိုက်တဲ့ သက်လျာကြောင့်နဲ့ အခန့်မသင့်လို့ မေးနဲ့စားပွဲနဲ့ရိုက်သွားရင် ခံရမှာက အဝန်း။
ဒါနဲ့တင် အားမရသေး ခြေထောက်နဲ့ကန်ဖို့အထိပါ ရွယ်နေတာကြောင့် ကြည်သာ့ဘက်က စိတ်တိုမိတာအဆန်းတော့မဟုတ်။ ဘယ်လိုပဲဖြစ်ဖြစ် အဝန်းဆိုတာက ၁၅၀၀ဆိုတဲ့ မေတ္တာတွေနဲ့ ချစ်မြတ်နိုးရသူ၊ ၅၂၈ဆိုတဲ့ မေတ္တာနှင့် ဂဏန်းချင်းယှဥ်လျှင်တောင်မှ ပိုများသည်မို့ အခုလိုမျိုးအနေအထားမှာ သူ့ဘက်က သက်လျာကို စိတ်ထဲမကြည်ချင်တာ အဆန်းတော့မဟုတ်။
ထိုသို့စိတ်ထဲမကြည်ပါဘူး ဆိုမှ...သက်လျာရဲ့ ဖြေသံဟာ ကြည်သာကို ပိုလို့ စိတ်တိုစေသည်။
"အေး..."
"ဘာဖြစ်လို့လဲ..သူက မင်းကို ဘာမှမလုပ်ဘူးလေ။"
"မင်း ဂရုစိုက်နေလို့ ကြည့်မရတာ ရှင်းလား...."
"မဆိုင်ဘူးလေ..."
"ဆိုင်တာတွေ မဆိုင်တာတွေလာမပြောနဲ့၊ ငါ့စိတ်နဲ့ငါပဲ"
"ဒါဆို ငါလည်း ငါ့စိတ်နဲ့ငါလုပ်လို့ရသားပဲ။ ငါ အဝန်းကို မင်းနဲ့ဝေးရာမှာပဲ ထားတော့မယ် သက်လျာ။"
"ဟေ့ကောင်..."
ဒေါကြီးမောကြီးနဲ့ လက်ထဲက ညှပ်နှင့် ကပ်ကြေးကို မချမိပဲ ကြည်သာရှိရာသို့ သွားပြီး ကြည်သာ့လည်ပင်းကို ဆုပ်ကိုင်ထားသည်ကြောင့် ကပ်ကြေးနှင့်ညှပ်ဟာ ကြည်သာလည်ပင်း တစ်ဖက်တစ်ချက်မှာ ထိလုနီးနီး အနေအထားနှင့်နေရာယူထားသည်။
အပိုင်း (၂၉)
Start from the beginning