ဇာတ်သိမ်းပိုင်း

5.3K 127 98
                                    

(*ဖြည်းဖြည်းချင်းလေး ဖတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အဆုံးကိုအရင်မသွားပဲ ဖြည်းဖြည်းချင်းပဲ သွားပေးပါ။ တို့ပြချင်တဲ့ မေတ္တာက သိပ်သည်းလွန်းလို့ပါ)

မျက်စိတစ်ဆုံးမှာ ရေပြင်ကြည့်ဖြစ်နေပြီး ရေပြင်ကိုကာရံထားသည် တောင်တန်းပြာတွေ၊ ထိုမှအလွန်...ကောင်းကင်ပြာတို့ဟာ သိပ်ကိုလိုက်ဖက်လွန်းလှပါသည်။

ညနေဘက်အချိန်မို့ ဖြစ်မည်၊ ရေပြင်သည် နေရောင်၏ထောက်ပံ့မှုကြောင့် အရောင်တောက်ပနေသည်။

"ကျွန်တော် စာဖတ်ပြီးပြီအကို၊ အကိုကျွန်တော့်ကို ပေးတဲ့စာလေ..."

ငြိမ်သက်နေသည့် ပတ်ဝန်းကျင်ကို ကျွန်တော် ညင်သာစွာပဲဖြိုခွင်းလိုက်သည်။ ထိုအခါ လှုပ်လှုပ်ရှားရှားဖြစ်သွားသူဟာ ကျွန်တော့်ဆီကို စိုးရိမ်တကြီးနဲ့ ကြည့်လာ၏။

"အကို ပြောမယ့်စကားတွေအတွက် ကျွန်တော်အဆင်သင့်ဖြစ်ပါပြီ၊ ပြောလေ အကို...အကိုပြောပါ။"

မိသားစုဝင်တွေရှေ့မှာ ကျွန်တော့်ကိုပြောလို့မဖြစ်တဲ့စကားတွေ၊ အလင်းရဲ့အကြည့်တွေ၊ ကောင်းရဲ့စကားသံတွေ၊ ဖိတ်စာတစ်ခုကိုလုံးချေပစ်လိုက်တဲ့ အကို့အမူအရာတွေ ဒါတွေအတွက် အကျိုးသင့်၊အကြောင်းသင့် ပြောလာမယ့် အကို့စကားတွေကို နားထောင်ဖို့ရန် ကျွန်တော် ပြင်ဆင်ခဲ့ပြီးပြီမို့...
"ကျွန်တော့်ကို အားမနာနဲ့နော် အကို...."

ကျွန်တော်ထပ်ပြောလိုက်တော့ အကို့မျက်လုံးတွေမှာ ခိုဝင်လာသည့် အရည်ကြည်တစ်ချို့အတွက် ကျွန်တော့်မှာ နာကျင်ရသည်။

ယခုလိုဖြစ်ပျက်နေတဲ့ အကိုပုံစံကို ကျွန်တော်တကယ်မမြင်ချင်ပါ။ အမြဲငြိမ်းချမ်းချင်သူဟာ ရင်ထဲမှာ ဘယ်လောက်တောင်များ ပူလောင်နေလို့၊ ကျွန်တော်နဲ့ပက်သတ်ပြီး ဘယ်လောက်ထိတောင် တွေးနေလို့ ဤသို့နှုတ်ဆိတ်ကြေကွဲနေသည်ကို ကျွန်တော်သိချင်လှပါပြီ။

အကိုနဲ့ကျွန်တော်၊ ကျွန်တော်နဲ့သူ့မိသားစုအသိုက်အမြုံ...ဒါတွေရဲ့အလယ်မှာ အကိုတစ်ယောက် ပူလောင်လွန်းပြီထင်သည်။

"ကိုယ်..."

တိမ်ဝင်နေသော အသံနဲ့အစပြုသူဟာ ကျွန်တော်ငဲ့ကြည့်လိုက်တော့ ကျွန်တော့်အကြည့်တွေကို ရှောင်ဖယ်သွားသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now