အပိုင်း (၃၁)

731 56 11
                                    

"ညီလေးဖို့ ပေးလိုက်တာ...."

စာသင်ဆောင်ရှေ့မှာ အကို့ကိုစောင့်နေရင်းမှ အနားရောက်လာသူသည် မနက်ကမှတွေ့ဖူးခဲ့သော အကိုတည်တံ့ကိုကိုဖြစ်သည်။

၄နာရီခွဲခါနီးအထိ အကိုရောက်မလာသည်မို့ သူတို့အတန်း မဆင်းသေးဘူးဟုပဲ ထင်ပြီး သူငယ်ချင်းမတွေကို အရင်ပြန်ခိုင်းကာ တစ်ယောက်တည်းပဲစောင့်နေလိုက်တာဖြစ်သည်။ အကို့စာသင်ဆောင်ကို လိုက်သွားဖို့ကလည်း စာကြည့်တိုက်ဘက်လမ်းကနေ အရှေ့ဘက်ကို ဆက်လျှောက်ရမှာလို့ တွေးရုံနဲ့တင် လူကရှက်ချင်လာသည်မို့ ရှက်ပြုံးတွေအလီလီပြုံးပြီး ဒီနေရာမှာ ရပ်စောင့်နေမိတာ။

အကိုတည်တံ့ကိုကို ကမ်းပေးတဲ့ စာရွက်ကို လက်နှစ်နှင့်ပဲ ဂရုတစိုက်ယူပြီးဖွင့်လိုက်ပြီးနောက် ကျွန်တော်မှာ အဆုံးထိမဖတ်သေးပဲ အစပိုင်းနဲ့တင် စာရွက်ခေါက်လေးကို ပြန်ခေါက်လိုက်ပြီး...
"ဒါဆို အကိုတည်တံ့ကိုကိုနဲ့ ကျွန်တော်နဲ့ပဲ ပြန်ရတော့မှာပဲ။"

"အဟွန်း!! ကိုကိုလို့ ခေါ်ရင်ရပါပြီကွာ။ မင်းဟာကလည်း ရေသောက်ခေါ်မယ့်ကိန်းပဲ"

"ဟို ကျွန်တော်က..."

"ထားပါကွာ။ သွားရအောင်..."

ကျွန်တော့်လက်မောင်းကို ပုတ်ပြီး နေရာကနေ သွားဖို့အချက်ပေးပါတဲ့ ကိုကိုဆိုသော တည်တံ့ကိုကိုကြောင့် ကျွန်တော်လည်း အကိုပါးလိုက်တဲ့စာရွက်ခေါက်လေးကို အိတ်ကပ်ထဲကိုအသေအချာထဲ့လိုက်ပြီး သူ့ဘေးကနေလျှောက်ဖို့လုပ်လိုက်၏။

"အဲ့လောက်ထိပဲလား..."

"ဗျာ..."

ခြေလှမ်းလေးစဖို့ပဲ ပြင်ရသေးသည် ကျွန်တော့်မျက်နှာကို တည့်တည့်ကြီးကြည့်ပြီး သူခိုးစစ်သလိုမျိုး စစ်မေးပါတဲ့ ကိုကို့ကြောင့် ပြာသွားရသည်။ မလုံမလဲနဲ့ဖြစ်သွားရတာ အကိုပေးတဲ့ စာရွက်ကိုများ ဒီကိုကိုဖွင့်ဖတ်ခဲ့လျှင်၊ စာရွက်ကို တယုတယနဲ့အသေအချာ သိမ်းဆည်းခဲ့တဲ့ ကျွန်တော့်ကိုများ အကဲခတ်တတ်မယ်ဆိုလျှင် ဆိုတဲ့အတွေးတို့ကြောင့်ဖြစ်သည်။

"ရောင်နီဝန်းအပေါ်မှာ အဲ့လောက်ထိ အလေးထားတာလားလို့ပါ။"

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now