အပိုင်း (၁၇)

854 76 48
                                    

အပြင်ဘက်က တကျီကျီ တရွှတ်ရွှတ် အသံကြောင့် အိပ်ရာကနေ ထ,လာလိုက်ပြီး အပြင်ထွက်ခဲ့လိုက်တော့ မြင်လိုက်ရသည်က ဆရာကြီး ရောင်နီဝန်းဖြစ်နေသည်။

"ဘာတွေရှာနေတာလဲ အဝန်း"

ညဉ့်ဦးပိုင်းမှာ ဘာမှမစားထားလို့ အချိန်မရှိ၊အခါမရှိရောက်မှ လှန်လှောလို့ ရှာဖွေနေတာကို သိသော်လည်း မသိချင်ယောင်ဆောင်ပြီး မေးလိုက်တော့ အမေးခံရသူက သူ့ဘေးကို ချက်ချင်းပဲ ရောက်လာပြီး...
"စာကြည့်နေရင်းနဲ့ဗိုက်ဆာလာလို့၊ ဘာစားစရာရှိလဲ အကိုကြီး။" ဟု မေးလာသည်။

"နာရီကို ကြည့်ဦး နှစ်နာရီထိုးနေပြီကွ။ ဒါ လူတွေအစားစားတဲ့အချိန်လား။"

"ညလယ်စာပဲ သဘောထားပါဗျာ။ ညနေတည်းက ဘာမှမစားရသေးဘူး။"

ထိုသို့ပြောပြီး ကြည်သာ့လက်ကို ဆွဲကာ ကြည်သာ့အခန်းထဲသို့ ဝင်သည်။ ပြီးနောက်တွင်တော့ ကြည်သာ့ စားပွဲပေါ်ကို ရှာဖွေသည်။ ဟိုဟိုဒီဒီရှာကြည့်သော်လည်း မုန့်ကြွပ်လေးတစ်ခုတောင်မတွေ့ သည်မို့ အဝန်းစိတ်ညစ်မိသည်။

ညနေတည်းက သော်ကိုစောင့်နေရင်း အစာပြေအချိန်လွတ်သွားပြီး၊ ညစာအပြင်ထွက်စာဖို့လုပ်သည့် အခါမှာလည်း ကောင်လေးက ဗိုက်အင့်နေပါတယ်ဆိုလို့ သူကိုယ်တိုင်ပါ အာဟာရသိဒ္ဓိ ပြီးမြှောက်ခဲ့သည်က အခုလို ကောင်လေးမရှိတဲ့ ညဉ့်သန်းခေါင် အလွန်မှာ အူလိမ်လို့နေတော့သည်။

"ရော့ ဒီမှာ..."

သေတ္တာထဲကနေ ထုတ်ပေးပါတဲ့ 'ရွှေငါး'တံဆိပ် ပေါင်မုန့်အစိုတစ်ထုတ်နှင့် နို့ဆီဗူးအသစ်စက်စက်။ ကြည်သာ့လို မုန့်မစားတတ်သူသည် ဤသို့ အဆင်သင့်စားဖို့ရန် မုန့်ထုတ်မက နို့ဆီအထိ ဆောင်ထားရသည်က စာကြည့်ရင်း ဗိုက်ဆာတတ်သည့် ညီငယ်လေးရောင်နီဝန်းကြောင့်ပင်။

"ဖောက်ပေးဦး..."

အလွယ်တကူဖောက်လို့ရပါတဲ့ ပေါင်မုန့်ကို လက်နဲ့ဆွဲဖြဲပြီး ယူစားပြီးနောက်တွင် နို့ဆီဗူးကို ကြည်သာ့ထံကမ်းပေးပြီး ဖောက်ဖို့ အကူအညီတောင်းသည်။ ထိုအခါ ကြည်သာက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် အဝန်းလက်ထဲရှိ နို့ဆီဗူးကို ယူလိုက်ပြီး စားပွဲဆီသို့သွားကာ ဓားအဆူးလေးဖြင့် ထိုးဖောက်ပေးပြီး အဝန်းဆီပြန်ပေးသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now