အပိုင်း (၅)

1.2K 84 6
                                    

နန်းရှေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သော မော်တော်ဆိုင်ကယ်သည် အကို့အဆောင်ရှေ့မှာ ရပ်တန့်မသွားပါပဲနှင့် ကျွန်တော်ငှားနေသည့် ပျဥ်ထောင်အိမ်လေးအထိ ရောက်မှ ရပ်တန့်သွား၏။

"ကျေးဇူး အကို။"

"ရပါတယ်ကွာ။ သော်အထဲဝင်တော့လေ။
ကိုယ်လည်း ပြန်ဦးမယ်"

နောက်မှာကျန်ခဲ့သော အဆောင်သို့ ပြန်လှည့်ရန်အတွက် ဆိုင်ကယ်ကို ကွေ့ဖို့လက်ကိုင်ကို စောင်းလိုက်သည့်အချိန်မှာ ဂုတ်ပိုးဆီမှ စပ်ဖျင်းဖျင်းအရသာကို ခံစားလိုက်ရသည်။

"ခွေးကောင်လေး။ စက်ဆီဖိုးတွေက မင်းမယားက အလကားပေးတာမိုလို့လားကွ။"

ဇာတ်ပိုးကို ရိုက်သူမှာ ဆိုင်ကယ်ပိုင်ရှင် ကိုတိုးဖြစ်နေသည်မို့ အဝန်းမှာ နာနေသည့်ကြားမှ စပ်ဖြီးဖြီး ပြုံးလိုက်ကာ...
"ကိုတိုးကလည်းဗျာ။
ကျွန်တော်က ငှားတာပါဗျ။"

"ဘယ်လို ငှားလိုက်တာလဲ။ ဘာလဲ စိတ်ထဲကနေ ကိုတိုးရေ ဆိုင်ကယ်ခဏငှား ဆိုပြီး ပြောသွားတာလား။"

"ဟုတ်တယ်။"

"ကျစ် ဒီကောင်လေး..."

ပြောဆိုလို့ ပိုဆိုးနေပါသော ရောင်နီဝန်းကို သန်းတိုးအောင်မှာ ခပ်စပ်စပ်လေးရိုက်ပြီး ဆုံးမချင်လိုက်ချင်သည်။ ထို့ကြောင့် နောက်ထပ်တစ်ကြိမ် လက်ရွယ်လိုက်သည့်အချိန် အဆောင်တံခါးရှေ့ထွက်လာပါသော ကိုကြည်သာကြောင့် မရိုက်လိုက်ရပဲ ဘုကြည့်နဲ့သာ ပြီးလိုက်ရသည်။

"ရောင်နီဝန်းဆိုတဲ့ ကောင်လေး အရမ်းဆိုးသွမ်းနေတယ် ကြားတယ်။"

နောက်ကျောဆီကနေ ထွက်ပေါ်လာပါသော အသံကြောင့် အရင်လှည့်မကြည့်သေးပဲ ပြုံးမိသွားပါသည်။

အကို့အပြုံးကြောင့် ကျွန်တော့်နှင့် မျက်နှာမူရာသို့ ကြည့်မိလိုက်တော့ အားကစားဘောင်းဘီအပြာရောင် ဝတ်ဆင်ထားသော သူသည် ခန္ဓာကိုယ် ထွားကြိုင်းကြိုင်းနှင့် ဘောင်းဘီအိတ်ကပ်ထဲ လက်ထဲ့ကာ ဟန်ပါပါဖြင့် ကျွန်တော့်အိမ်ရှေ့သို့ လျှောက်လှမ်းလာသည်။

"ရဲတိုင်ချင်လဲ တိုင်လိုက်တော့ဗျာ။
ကြိုက်ရာသာ လုပ်ကြပါတော့။ ဒီက ဘာများပြောနိုင်မှာမိုလို့လဲ"

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now