"ဟို မင်းလူနှစ်ယောက်ရော"

"သူတို့နှစ်ယောက်အတွက်စီစဉ်ထားပြီးသားလေ
ကိုယ်နားလိုက်ဦးမယ် "

ရုပ်တည်ကြီးနှင့်ပြောပြီး အပေါ်ထပ်တတ်သွားသူကြောင့်သူ့ရင်အစုံဘုရားပွဲလှည့်နေပြီ ။အခုလက်ရဲဇက်ရဲကတအားကိုချစ်ချင်စရာဖြစ်နေသည် ။ငွေဖြူရောင်ဆံနွယ်တစ်ဝက်ကိုခပ်လျော့လျော့စည်းထားတဲ့ ခေါင်းလေးကိုနမ်းရှိုက်ပြီး တယုတယကိုင်ထားချင်မိသည်။ အား....ရူးချင်တယ်

"ခွန်းလက်ယာရော"

"သူ့အလုပ်မှာပြသာနာဖြစ်လို့တဲ့ ခုနလေးတင်ဘဲထွက်သွားတယ် "

ဘုရားဆူး...ဒါသူ့သားမှဟုတ်ရဲ့လား။
အိမ်နေရင်းpajamaအနက်ရောင်ဝတ်ထားတာ​တောင်အရှိန်အဝါကြီးမှူက လွန်လွန်းသည်။ ဆေးဆိုးထားတဲ့ဆံပင်တွေကြောင့် ခပ်မိုက်မိုက်လူငယ်လေးပူံပေါ်နေပေမယ့် အပြုအမူတွေကတော့လုံးဝလူကြီးဆန်ဆန်နဲ့ကျက်သရေရှိနေတာဖြစ်သည် ။

"သားခွန်းနဲ့တစ်ခုခုဖြစ်ကြသေးလား"

"အဲ့လိုရယ်တော့မရှိပါဘူး အထင်လွဲမှုတစ်ခုပါ"

ကိုယ်ပဲထူးဆန်းနေတာမဟုတ် ၊အိမ်ကကလေးမတွေကအစသူတို့အကိုလေးကို ပြူးပြဲကြည့်နေကြတာဖြစ်သည် ။ ဂျပန်ရောက်တည်းကသူတို့ကိုမဆက်သွယ်ဘဲဘာတွေလုပ်နေလဲမသိပေမယ့် တကယ်ကိုကောင်းမွန်တဲ့အရာတွေဟုသာထင်မိသည်။

"ဒီလိုလိုက်ဖက်တဲ့ဘဝ ပျော်စရာလောကကြီးက"

"အင်း"

"....."

"ကိုယ်လာကြိုရမလား"

"....."

"ကားဂရုစိုက်မောင်း"

"ခွန်းလက်ယာကနောက်ကျမယ်တဲ့ ဒယ်ဒီ့ကိုမစောင့်
ဖို့လှမ်းပြောတာ "

တစ်ခါမှဖုန်းသံမပြောင်းဖူးတဲ့သူက အခုတော့မြန်မာသီချင်းတစ်ပုဒ်ကိုတောင် ringtoneထားထားသည် ။ပြီးတော့ဒီသီချင်းကိုသူရင်းရင်းနှီးနှီးကြားဖူးနေသည်။ သားခွန်းကလည်းကိုယ့်ကိုမစောင့်ဖို့လှမ်းပြောတာကိုယ့်ဖုန်းကိုမဆက်ပဲ သူ့ဖူန်းကိုဆက်သည်။ဒီက​လေး​တွေတအားကဲပိုလွန်း​နေကြသည် ။

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now