Episode( 27 ) End Of Heaven💜

185 26 0
                                    

Unicode💜

ချင်းလီနတ်သက်ကြွေသွားသောကြောင့်
ရင်ထဲမချိအောင်ခံစားနေရသော်လည်း..သူမဒီတိုင်းထိုင်ငိုနေ၍မဖြစ်...
အကိုတော်တိုက်ကိုက ခီယန့်အား မည်သည့်အရာမှမမြင်တော့လေဘဲ တိုက်ခိုက်နေသည်။

ဆက်သွားလျှင်အခြေအနေမကောင်းနိုင်။
ရှိသမျှအင်အင်းစုကာ ထလိုက်ရင်း
ချင်းလီပေးသောနားကပ်လေးအား သူမနားတွက်ဆင်မြန်းလိုက်ကာ ဆွဲကြိုးလေးအားတယုတယကိုင်လိုက်ကာ..ဟယ်ရီ့ကိုအချုပ်အနှောင်မှလွှတ်ပေးလိုက်တော့...

"ဟင်..အမဗီးနပ်စ်..!!"

ခွေကနဲ မြေပြင်ပေါ်ကျသွားတဲ့ ထိုနတ်ဘုရားမ..

"ဟယ်ရီ..ပြန်လည်ကြိုဆိုပါတယ်.."

ဟယ်ရီ သူမအားသေချာကြည့်တော့ တစ်ကိုယ်လုံးအမဲရောင်အစက်တွေအကွက်တွေနဲ့ ဘာများဖြစ်ထားသည်လဲ?

"အမ အကိုတိုက်ကိုရော..."

သူမက ခပ်လှမ်းလှမ်းတောင်ပေါ်မှ လျှပ်စီးများပြေးနေသောနေရအား လက်ညိုးထိုးပြလိုက်လေသည်။

ထိုတောင်ပေါ်တွင် တိုက်ကိုက ခီယန့်အား အမဲဖြတ်နေသလားမှတ်ရအောင်တိုက်ခိုက်နေသည်။

"အမ..ကျတော့်ကိုအဲ့ကိုပို့ပေးပါ..ကျတော်အကိုတိုက်ကို့ကိုတားချင်တယ်.."

"မဖြစ်နိုင်ဘူးဟယ်ရီ မင်းသွားလို့မဖြစ်ဘူး..မင်းဝိညာဥ်ပါလောင်သွားလိမ့်မယ်.."

"ရတယ်အမ ဖြစ်ပါစေ..ကျတော်လုပ်နိုင်တယ်.."

"ဒါပေမဲ့!!"

သူမရှေ့မှာရပ်နေတဲ့ ထိုကောင်လေးကယုံကြည်မှုအပြည့်...ထိုမျက်ဝန်းများကို ချင်းလီဆီတွင် ခဏခဏတွေ့ဖူးသည်။မရင့်ကျက်သေးတဲ့မျက်ဝန်းပေမဲ့ နောက်ဆုတ်ဖို့ရာမရှိ။သူမ တားလည်းအချည်းနှီး။
သူမစိတ်ဒုန်းဒုန်းချကာ ဆုံးဖြတ်လိုက်သည်။

"အင်း..မင်းကိုဘေးကင်းကင်းနဲ့ရောက်အောင်ပို့ပေးမယ်..."

ဗီးနပ်စ်တစ်ယောက်..ဟယ်ရီ့လက်ကိုဆွဲကာ.ထိုတောင်ပေါ်သို့တတ်သွားလေ၏။
တောင်ပေါ်တွင်တိုက်ပွဲပြင်းထန်နေသည်။
တိုက်ကိုကအသိစိတိမရှိတော့သလို မျက်လုံးအရောင်ပါပျောက်နေသည်။သူ့ကိုယ်တွင်လည်းဓားဒဏ်ရာတချို့...
ခီယန်လည်းအထိနာထား၍ အတောင်ပံတစ်ဖက်ပါ ကျိုး၍သွေးထွက်နေသည်။

Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)Where stories live. Discover now