Episode ( 6) Mr Jealous💜

420 40 6
                                    

Unicode 💜
"ဟုတ်ပြီ ညီ..ခါးပတ်ပတ်လိုက်ပါဦး"

ဟယ်ရီက ခါးပတ်ကြိုးကိုယူပြီးပတ်လိုက်ချိန်မှာ ဟယ်ရီ့လက်ဒဏ်ရာကို မြင်သွားတဲ့ ခီယန်။

"ဟာ..လက်ကဘာဖြစ်တာလဲ တော်တော်ပွန်းထားတာပဲ မဖြစ်ဘူးဆေးခန်းသွားရမယ်"

ဟယ်ရီကလက်ကိုပြန်ရုတ်ကာ

"ရပါတယ်အကိုရဲ့ ကျတော်နောက်မှဆေးထည့်လိုက်မယ်"

"မရပါဘူး ဒါကအခက်မသင့်ရင်လက်ဖြတ်ရမှာ"

"ဟင် !!"

"ပြစမ်းအကို့ကို"

လို့ပြောပြီး လက်ကိုဆွဲလိုက်တဲ့ခီယန်
မတော်တဆ အနာကိုထိသွားကာ
နာသွားတဲ့သူကခီယန်။
ဒဏ်ရာရတဲ့လူထက် နာသွားရခြင်းမှာ တိုက်ကို့၏အစွမ်းကြောင့်ပင်။

နတ်ဘုရားလက်နှင့်ထိပြီးရလာတဲ့ ဒဏ်ရာမှန်းသူနားလည်သွားချိန်မှာ ခီယန့်စိတ်ထဲတွင်
("ဒီဒဏ်ရာအရဆိုသူကကောင်းကင်ဘုံနတ်ဘုရားပဲ ။ ငါ့ကိစ္စကိုစုံစမ်းမယ်ဆိုလဲတခြား နတ်ဆိုရတာပဲ ဒီလိုနတ်တကာ့နတ်ထိပ်ခေါင်ကိုယ်တိုင် လူ့ပြည်ဆင်းလာဖို့လိုလို့လား မဟုတ်မှလွဲရော ဟယ်ရီ....")

ခီယန် ဟယ်ရီ့လက်ကိုကိုင်ရင်း ပြတင်းပေါက်ကိုပြန်ကြည့်တော့ ထိုနတ်တုတ်တုတ်မျှမလှုပ် သူ့အားစိုက်ကြည့်နေသည်။

ခီယန်ရှိန်သွားသည်မှာအမှန် ဒီနတ်ဘုရားနဲ့ရင်ဆိုင်ဖို့ရာ သူအတွက်ခက်ခဲမည်ဟုသာစိတ်ပြင်ဆင်ရင်း....

"အကို ဘာလို့လဲ ကျတော့်အခန်းက"

ဟယ်ရီမေးသာမေးနေတာ မျက်နှာတစ်ပြင်လုံးခရမ်းချဥ်သီးအရည်ညှစ်သလိုနီရဲနေသည်။မသိမသာလက်က‌လေးကို ပြန်သိမ်းရင်းဆိုခြင်းသာ။

"အော်မဟုတ်ပါဘူး ကဲ...အကိုတို့သွားမယ်နော်"

"ဟုတ်ကဲ့"

ဟယ်ရီစကားဆုံးတာနဲ့ ကားစက်နှိုးကာ လမ်းမကြီးတစ်လျှောက်မောင်းလာတော့သည်။

သို့သော်ခဏအကြာ ကော်ဖီဆိုင်သွားတဲ့လမ်းမဟုတ်တာကြောင့် ဟယ်ရီကခီယန့်အားမေးသော်

"အကို ဒါဆိုင်ကိုသွားတဲ့လမ်းမှမဟုတ်တာ"

"ဘယ်သူကဆိုင်သွားမယ်ပြောလဲ"

Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)Where stories live. Discover now