Episode( 23 ) War Maidens💜

199 29 0
                                    

Unicode💜

"သင့်ရဲ့ဆုတောင်းကို ငါကြားနာပြီးပြီ မယ်ဒူဆာ..ဒါပေမဲ့..သင်ငါ့ကိုအရင်ကျော်ဖြတ်ရမယ်"

အေသီတစ်ယောက် သူမရဲ့အဝတ်အစားများကိုပြင်ဆင်လိုက်တာ သူမပိုင်သောလှံတော်အားဆင့်ခေါ်ကာ တိုက်ရန်အသင့်ဖြစ်နေပြီ။

"ဘာကိုကြားနာတာလဲ..နင်ကဘယ်တုန်းကအသုံးကျဖူးလို့လဲ..နတ်ဘုရားမဖြစ်ပြီး သူများကိုမနာလိုနေတဲ့ မိန်းမ..."

မယ်ဒူဆာ့ကလည်း အေသီ့အားအသည်းအသန်မုန်းတီးနေရာ...

"မယ်ဒူဆာ..ကိုယ်‌တော်တို့ကိုသတ်လဲ ကိုယ်တော်တို့ကပြန်မွေးဖွားလာမှာကိုသိတယ်မလား...?"

ခေါင်းတွင်ဆံနွယ်တွေအစား မြွေတွေက တယမ်းယမ်းလျှာထုတ်သပ်ကာ သူမမျက်နှာအနှံ့ကိုလျှောက်ပြေးနေသည်။ ကိုယ်ခန္ဓာမှာလည်း စိမ်းပြာရောင်အကြေးခွံတွေလက်သည်းရှည်တွေနဲ့..မယ်ဒူဆာက

"သိတယ်..နင်တို့ဘယ်လောက်ပြန် ပွင့်လာ
ပွင့်လာ ငါကနင်တို့ကိုရအောင်သတ်မှာ...ဒီပွဲမှာနင်တို့နိုင်မယ်ထင်နေတာလား....
အရှင်ခီယန့်ကိုမှီမယ်ထင်နေတာလား.."

ရေနတ်ဘုရားအန်နိုက သူ့မျက်လုံးများအား ပုလဲအသွင်ပြောင်းထား၍ သူ့အားမယ်ဒူဆာ့အစွမ်းသက်ရောက်မှုမရှိ...

သို့သော် အေသီကတော့ မဟုတ်။သူမအားစေ့စေ့ကြည့်မိလျှင် သူမပေးသောကျိန်စာ သူမကိုပြန်ထိနိုင်သည်,...။

"အမယ်လေး...နတ်ဘုရားမအေသီ...ကျမမျက်နှာလေးကိုကြည့်ပါဦး...ဘာလဲမကြည့်ရဲဘူးလား...အင်းပေါ့ရှင့်လောက်မှမလှတော့တာ...ဒါပေမဲ့ကျမက ရှင့်လို ကူလီကူမာတွေမလုပ်ဘူး...!!"

မယ်ဒူဆာက အေသီသူ့အားမကြည့်ကြည့်အောင် ဆွနေသည်။

"ကိုယ့်အတတ်ကိုယ်ပြန်စူးမှာ ကြောက်နေတာလား...ဟမ်...သနားပါတယ် ယောကျာ်းတစ်ယောက်ကို အသဲအသန်ကြိုက်နေတာတောင်အဲ့ယောကျာ်းက သူ့ကိုအဖတ်မလုပ်ဘဲတခြားမိန်းမကို မုဒိမ်းကျင့်ပြီးယူတဲ့အထိ စွဲလမ်းသွားတာလေ...အဲ့ဒါကိုဆက်ပြီး အရှက်မရှိ မုဒိမ်းကျင့်ခံရတဲ့မိန်းမနဲ့သူ့ညီမတွေကိုတောင် ကျိန်စာတိုက်လိုက်သေးတာ..."

Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)Where stories live. Discover now