Episode ( 8 ) Branded God💜

330 35 7
                                    

Unicode 💜

"အရှင်..နောက်ံဆုံးတော့..ချစ်တတ်လေပြီပေါ့..."

အရှင်တိုက်ကိုနဲ့ရာမီတို့ နန်းဆောင်ပြန်ရောက်လေတော့ တိုက်ကိုက သူလူ့ပြည်မှာနေသော် တာဝန်များလစ်ဟင်းမှုမရှိစေရန် ရာမီ့အား တစ်ခုချင်းစီမှာကာ သင်ကြားပေးလေရာ..

"ရာမီ...ကိုယ်တော်ပြောတာတွေနားလည်ရဲ့လား"

"နားလည်ပါတယ်အရှင်"

သို့သော် သူမ မျက်နှာမကောင်း..

"ရာမီ သင်ဘာဖြစ်နေတာလဲ..မျက်နှာလဲမကောင်းဘူး?"

ရာမီတစ်ယောက် ခေါင်းငုံ့သွားလေသော်

"ကိုယ်တော့်ကိုပြန်ဖြေဖို့ အစီအစဉ် မရှိဘူးလား"

ရာမီ ပြန်မော့လေတော့ မျက်ဝန်းအစုံမှ မျက်ရည်စတွေနဲ့။

"အရှင်က ကျွန်တော်မျိုးမ တို့ကို ဒီလိုတခါမှမခွဲဖူးဘူးလေ...ဘာလို့မှန်းမသိဝမ်းနည်းလာလို့ပါ"

"ရာမီ...ကိုယ်တော့်ကိုတခုခုဖြစ်တာနဲ့ လူ့ပြည်ကိုလာပြီးတိုင်ပင်လို့ရပါတယ်"

"မှန်လှပါ"

ဒီကလေးမလေးမှာ တိုက်ကို နတ်ဘုရားဖြစ်ပြီးမကြာခင်မှာ နတ်သမီးဖြစ်လာသူ။ တိုက်ကို နတ်ဘုရားတစ်ကိုယ်တည်းအလုပ်တွေလုပ်ရင်း အချိန်တွေကုန်ဆုံးသည်ကို နောက်ယောင်ခံလိုက်ကာ စောင့်ကြည့်ခဲ့တဲ့ အမျိုးသမီးလေး။

တိုက်ကို နတ်ဘုရားက သူ့အမှုထမ်းအဖြစ် ထမ်းဆောင်ရန် မိန့်တော့လဲ လက်ခံခဲ့ကာ မငြီးမငြူ အပင်ပန်းခံလုပ်ပေးခဲ့တဲ့ သူမ။
စိတ်ခံစားမှုလွယ်တာကလွဲ အပြစ်ပြောစရာမရှိ။အခုလဲ တိုက်ကို့ကိုမခွဲချင်ရင် ခဲဆွဲငိုနေလေသည်။

"အရှင်...."

တိုက်ကိုက ပြုံးပန်းဆင်ကာ

"ပြောလေ ရာမီ.."

"မြန်မြန်ပြန်လာမယ်မလားဟင်"

"ကိုယ်တော်မျှော်လင့်ပါတယ်"

"အရှင်......"

"ပြောပါရာမီရဲ့"

"တကယ်ကြီး အရှင့်ရဲ့ကောင်းကင်ဘုံကို ကျွန်တော်မျိုးမဆီ လွှဲခဲ့မလို့လား"

Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)Where stories live. Discover now