"ဆက်လိုက်လို့ သူအလုပ်ရူတ်နေရင်ရော...မဖြစ်သေးပါဘူး..."

ရုံးခန်းထဲက ဖုန်းလေးတစ်လုံးကိုင်ရင်း ဆက်ရမလား မဆက်တော့ပါဘူးဆိုကာ တစ်ဖက်ကလူသားလေး သူ့ကြောင့်အလုပ်မပိုစေဖို့ တွေးပေးသေးတယ် အဖြူရောင်နတ်သားလေး.

ဒီနတ်သားလေးကို ကာလာပြောင်းပေးဖို့ BossJရဲ့စုပ်တံမှာ ခရမ်းနုရောင်လေးတွေနဲ့....ရေးခြစ်ဖို့ရာ လက်လေးတစ်စုံလှုပ်ရုံနဲ့ ပြီးမြောက်သွားမယ့် တော်ဝင်ပန်းချီကားဟာ ရုံးခန်းလေးထဲ လှလှလေးထိုင်ရင်း ဝေခွဲဖို့ရာခက်ခဲနေတာပေါ့...အဲ့ဒီပန်းချီလေးကို လှုတ်ခတ်စေနိုင်တာ ပန်းချီဆရာမှလွဲ အခြားမရှိတာမို့....

You are my everything...(ringtoneသံလေး...)
[A\N-Gummyရဲ့ OST songလေး fvဖြစ်နေလို့ ဒီရက်ပိုင်း....]

ရုတ်တရက် ကိုင်ထားတဲ့ဖုန်းလေးမှာ အငြိမ်သက်ဆုံ သံစဥ်လေးလွင့်ပျံလာတဲ့အခါ....

"အမေ့!!!!..."
ဖုန်းဆက်ကို....ဝေခွဲနေတုန်း ကျွန်တော့်ဖုန်းလေးအသံမြည်ကာ cotanct nameလေးမှာ မှတ်သားထားတဲ့ယုန်ရုပ်လေးနဲ့ 🐰Jဆိုတာလေး........

"ဟယ်လို..."
ကျွန်တော့်အသံဟာ...ဒီကောင်လေးအသံကြားတိုင်း နုနယ်သွားတဲ့ချယ်ရီလေးလို နုယွလွန်းနေခဲ့တယ်...

"ကိုယ်ပါ..."

"အင်း...ဘာကိစ္စရှိလို့လဲ ဟင်..."
သူ့အသံဟာ သိပ်သြဇာရှိလွန်းတယ်.....အသံပါဝါဟာ....အမိန့်ဆန်လွန်းပေမယ့် ကျွန်တော့်အတွက်တော့ သူဟာကီးနှိမ့်ပြီး နုတ်မြင့်သီချင်းတစ်ပုဒ်ကို နားထောင်စေတဲ့သူပါ.....

"မင်းညီကိုယ့်ကိုဖုန်းဆက်ပြီး...yoongiရဲ့ဖုန်းနံပါတ်တောင်းသွားတယ်....တစ်ခုခုရှိလားလို့ပါ....."
သူ့ညီလေးဆိုတော့လည်း ကိုယ်ကမျက်နှာလုပ် အကြိုက်ဆောင်ပေးကာ ဖားရသေးတာ...Mafiaလား ဘာလားတောင်ကိုယ်တိုင်မသိတော့....ဖုန်းနံပါတ်ကိုအလွယ်လေးပေးမိလိုက်သေးတာ...

"အနှောက်အယှက်ဖြစ်သွားလား...သူ့တို့နှစ်ယောက် ပြသာနာရှိထားလို့လေ...."
ဒီကောင်လေး ဘာတွေရူတ်ထားပြန်တာလဲ....

"ပြသာနာ...ဘာပြသနာလဲ ကိုယ့်ကိုပြောလေ..."
ကိုယ်မင်းအတွက် အားလုံးရှင်းပေးနိုင်တဲ့ လိုတရနတ်ဘုရားဖြစိပေးချင်တာ....

မောင့်အရိပ်Where stories live. Discover now