Chapter(40-1) - ယွီယွီ

Start from the beginning
                                    

ကလေးလေးက ခေါင်းညိတ်ပြတာကို မြင်တော့ ငါးပြာလေးက သူ့အမြီးလေးကို လှုပ်ခါလိုက်ကာ တစ်စုံတစ်ရာကို ပြောလိုက်သည်။ ရုတ်တရက် အကွာအဝေး တစ်နေရာမှ လှိုင်းလုံးကြီးတစ်လုံးက တစ်လိမ့်လိမ့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ်းခြေသို့ ရောက်ရှိလာ၍ ကြောင်တောင်တောင်ဖြစ်နေသော ကလေးအား သယ်ဆောင်ကာ ရေထဲချပေးလိုက်သည်။

ကလေးလေးသည် ရေထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ထိတ်လန့်သွားရှာသည်။ သူက ဒီလောက်ကြီးမားတဲ့ လှိုင်းလုံးကြီးကို မမြင်ဘူးသလို ဒီလောက်နက်တဲ့ ရေထဲလည်း မဆင်းဘူးပေ။ သူတော့ ရေနစ်တော့မှာပဲဟု အသည်းအသန် တွေးမိသွားသည်။ သူ့အတွက် သချိုင်းဂူက ပင်လယ်ကြမ်းပြင်မှာ ဖြစ်မလား ဒါမှမဟုတ် သူ့အလောင်းကို ကမ်းခြေဆီ ပြန်ပို့ပေးမှာလား သူမသိဘူး....

သို့သော်လည်း သူမျှော်လင့်ထားသလို နာကျင်မှုက ရောက်မလာပေ။ မျက်လုံးများကို ဖြတ်ခနဲ ဖွင့်ကြည့်လိုက်သောအခါ သူက အကြည်ရောင် ဘောလုံးကြီးတစ်ခုထဲတွင် ထိုင်နေခြင်း ဖြစ်တာကို ရှာတွေ့သွားရသည်။ ပင်လယ်ကြီးက ဘောလုံးရဲ့ အပြင်ဘက်မှာ ရှိနေပြီး ဘောလုံးထဲမှာတော့ သန့်ရှင်းလတ်ဆတ်တဲ့ လေကလွဲရင် ရှိမနေ။

ငါးပြာလေးက သူ့ဘေးနားကို ကူးခတ်လာပြီး သူ့မျက်လုံးများ ဖွင့်နေတာကို မြင်သွားသည်။ ငါးလေးက အမြှီးကို ယမ်းခါရင်း ပြောလိုက်၏

"မကြောက်နဲ့"

ငါးလေးရဲ့ အသံက အလွန်နူးညံ့ပြီး သိမ်မွေ့လှသည်။ ကလေးက သူ့အသံကြောင့် ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။ သူက သူ့ဘေးပတ်ပတ်လည်က ကြီးမားလှသော အကြည်ရောင် ဘောလုံးကြီးကို ဂရုတစိုက် ထိကြည့်လိုက်သောအခါ ထိုအရာက နွေးထွေးနူးညံ့လှတာကြောင့် သူ့လက်ချောင်းလေးဖြင့် ထိုးလိုက်တဲ့အချိန်မှာ အပြင်ဘက်သို့ပင် ထွက်သွားသည်။

သူက ဘောလုံးအား ထိုးဖောက်မိမှာကို ကြောက်ရွံ့တာကြောင့် သူ့လက်လေးကို အလျင်စလို နောက်ပြန်ဆုတ်မိ၏။ ထို့နောက် ဒူးခေါင်းပေါ်သို့ လက်လေးနှစ်ဖက်တင်ပြီး လိမ်လိမ်မာမာထိုင်နေကာ ငါးပြာလေးနောက်ကိုသာ လိုက်ပါသွားလိုက်သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now