Chapter(40-1) - ယွီယွီ

Start from the beginning
                                    

ထို့ကြောင့် မျက်ရည်များက ငါးပြာလေးရဲ့ ကိုယ်ပေါ်သို့ အလွန်နွေးထွေးစွာဖြင့် ကျဆင်းသွား၏။

ငါးပြာလေးမှာ ကလေးကသူ့ကို ရေထဲ ပြန်ထည့်ပေးသည်အား ငြိမ်ငြိမ်သက်သက်သာ ခံယူလိုက်တော့သည်။ သေးငယ်တဲ့ လှိုင်းလုံးတစ်ခု တက်လာတဲ့ အချိန်မှာ သူက ရှေ့ကို ကူးလာပြီး မျောပါမသွားပဲနဲ့ စကားပြောလာပြန်သည်။

"ငါးတွေက ရေမရှိပဲ သေတယ်ဆိုတာ မင်းသိတယ်ဆိုရင် လူတွေလည်း ရေထဲကျရင် သေမယ်ဆိုတာ သိသင့်တယ်လေ, မင်းကသေသွားပြီလား?"

ကလေးက ငုတ်တုတ်လေး ထိုင်ချသည်။ သူက ဒီငါးပြာလေးအား တကယ်သဘောကျမိတယ်လေ။ ငါးလေးကလည်း ရေမကူးသလို သူကလည်း ငါးလေးကို စိတ်ပူပန်စွာဖြင့် ကြည့်နေသည်။ ထိုမေးခွန်းကို ကြားတဲ့အခါမှာတော့ ခက်ခက်ခဲခဲ စဉ်းစားလိုက်ပြီးမှ ချီတုံချတုံဖြင့်ပြောရှာ၏။

"ကြည့်ရတာငါ.....သိသလိုပဲ"

မကြာသေးခင်တုန်းက အိမ်နီးချင်း ဦးလေးနဲ့ အဖွားဖြစ်သူတို့သည် ပင်လယ်ကမ်းစပ်မှာ အချိန်အတော်ကြာအောင် ငိုကြွေးနေခဲ့ကြတာကြောင့် ကလေးလေးကို အလွန်ကြောက်လန့်မိသွားစေပြီး အနားမှာ မကစားရဲတော့ပဲ ရှောင်ပြေးသွားစေခဲ့သည်။ သို့သော်လည်း သူ့နားထဲမှာတော့ စကားလုံးတစ်ချို့ စိမ့်ဝင်နေသေးသည်ပင်။

"လူတွေအများကြီး ရှိနေတာကို ဘာဖြစ်လို့ ရေနစ်တဲ့သူက နင်ဖြစ်ရတာလဲ......."

အတိတ်တုန်းက သူ့ကို အကြိမ်ပေါင်းများစွာ ကျောက်ခဲနဲ့ ပေါက်ခဲ့ဘူးသော ခပ်ထွားထွားကောင်လေးသည် ရေများနဲ့စိုရွှဲနေပြိး သဲများပေကျံနေကာ ကမ်းခြေတွင် အေးစက်စွာဖြင့် မလှုပ်မယှက် လဲလျောင်းနေခဲ့သည်လေ။ သေသွားသလိုပဲ, ရေထဲက ထွက်လာတဲ့ ငါးလေးတွေလိုပဲ

အဲ့ဒါကြောင့် သူနောက်ထပ် အမှန်တရားတစ်ခုကို နားလည်လိုက်သည်။ လူတွေက ရေထဲပြုတ်ကျသွားရင်း ရေနစ်လိမ့်မယ်

သူက ကမ်းခြေမှာ နေရတာကို ကြိုက်ပေမယ့် ရေထဲကိုတော့ အရမ်းဝေးဝေးကြီး မသွားရဲပေ။ သူက ဘယ်သူမှ မနှစ်သက်ကြတဲ့ အရူးတစ်ယောက်ဖြစ်သည်။ အကယ်၍ သူသာ ရေထဲကျသွားမယ်ဆိုရင် ဘယ်သူမှ သူ့ကိုလာကယ်ကြမှာ မဟုတ်ဘူး

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now