Chapter-20 (U+Z)

Beginne am Anfang
                                    

"ငါကြားတာ​တော့ သူငယ်ငယ်​လေးကတည်း သူ့pheromone အနံ့က ဆိုးခဲ့တာတဲ့။ သူ့အတန်း​ဖော်​တွေကလည်း သူ့ကို ကြဥ်ထားတာတဲ့"

"ဒီလို ​ကြောက်စရာကောင်းတဲ့ သင်ယူ​မှု​ပတ်ဝန်းကျင်ကြီးနဲ့​တောင်မှာမှ သူက အဆင့်​ကောင်း​တွေ ရ​သေးတယ်။ တကယ် အံ့အားသင့်စရာပဲ"

"Omega ထိပ်တန်း​ကျောင်းသား​လေး"

စုလင်း သူ့ရဲ့ နာမည်​ပြောင် အသစ်ကို ​ကော်ပီးလုပ်ပြီး ထပ်ခါထပ်ခါ ပြန်​ရေး​နေကြတာကို ကြည့်ပြီး​ ဆက်မဖတ်​တော့ဘဲ သတင်းစာမျက်နှာကို ပိတ်လိုက်​တော့သည်။ ထို့​နောက် သူက လိပ်စာစာရင်းကိုဖွင့်ပြီး "​ကျေးဇူးတင်ပါတယ် ​ဒေါက်တာ နီအန်း" ဟု စာပို့လိုက်သည်။

စုလင်း ထမင်းစားခန်းကထွက်လာ​တော့ ​ဒေါက်တာနီအန်းဆီမှ ပြန်စာ​ရောက်လာသည်။

"ရပါတယ်။ ငါဒီအ​ကြောင်းကို သိတာ​နောက်ကျသွားတယ်။ လီဟန်သာငါ့ကို မဆက်သွယ်လာရင် ငါဒီကိစ္စကို သိမှာ​တောင်မဟုတ်ဘူး။ မင်းက မတရားခံ​နေရတာ"

စုလင်းရပ်လိုက်ပြီး ​ကျေးဇူးတင်​ကြောင်း ထပ်ပို့လိုက်သည်။ သူ ဧည့်ခန်းဆီပြန်သွားခဲ့ပြီး ကုလီဟန်ရဲ့​ဘေးမှာ ဝင်ထိုင်လိုက်သည်။ ကုလီဟန်က သူ့ရဲ့လက်​ထောက်ကို စာပို့​နေခဲ့တာဖြစ်ပြီး စုလင်းကို ကြည့်ဖို့ လှည့်လာ​တော့ စုလင်းရဲ့ မျက်ဝန်းဝိုင်းဝိုင်း​လေး​တွေနဲ့ ဆုံသွားသည်။

စုလင်းရဲ့မျက်ဝန်း​လေး​တွေက ​ပျော်ရွှင်မှုအပြည့်ဖြင့် ​ကွေးညွှတ်နေသည်။

"ခင်ဗျား ​ဒေါက်တာ နီအန်းကို ဆယ်သွယ်ခိုက်တယ်​ပေါ့?"

ကုလီဟန်က ​ခေါင်းငြိမ့်သည်။

"သူက ​Pheromoneနဲ့ပတ်သတ်တဲ့နယ်ပယ်မှာ ကျွမ်းကျင်ရှင်ဆို​တော့ ကူညီပြီး သက်​သေခံ​ပေးဖို့ အ​ကောင်းဆုံးသူ​ပဲ​လေ"

စုလင်းရဲ့ နှလုံးသား​လေးထဲ ​နွေး​ထွေးသွားရသည်။ သူ့ရဲ့နတ်ဘုရားက အမြဲတမ်း မပြုံးမရယ်နှင့် ​လေးနက်တဲ့ဟန်ပန်ကြီးနဲ့ ဖြစ်​သော်လည်း တကယ်ကို လူ​ကောင်းတစ်​ယောက်ဖြစ်​ပေသည်။ ပြီး​တော့ ကုလီဟန်က စုလင်းကို သူငယ်ချင်းလို့ မှတ်ယူထားသည့်အတွက် ကိစ္စတိုင်းကိုစုလင်းရဲ့အကျိုးအတွက်​ စဥ်းစားတွေးပေးကာ အမြဲတမ်း လက်ဦးမှုရယူပြီး သူ့ကို ကူညီ​ပေးသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWo Geschichten leben. Entdecke jetzt