Episode ( 27 )

656 55 20
                                    

[ Zawgyi ]
---------------

ကိုဝေယံက ကုန်ကားမောင်းပေးရမဲ့အလုပ်ရလာ၍ ၂ ရက်လောက်ခရီးထွက်သွားသည် ။ အဲ့အချိန်မှာပဲ ဖိုးချိုလေးကဖျားသောကြောင့် အရီကော လေးချိုတို့လင်မယားကော ပြာလို့ပေါ့ ။ အရီးပြုံးက သူ့မြေးကိုစိတ်ပူလွန်ပြီး အရီတို့အိမ်မှာညသွားအိပ်ပေးသည် ။ ဒါကို မိန်းမသားတွေချည်းပဲမို့ စိုးရိမ်နေသောလေးချိုကြောင့် ကိုကိုက အရီတို့အိမ်ကိုလိုက်သွားဖို့ပြောတော့ ၂ ခါမပြောရပဲ လိုလိုလားလားဖြင့် သမီးဖြစ်သူဆီသို့ပါသွားလေသည် ။

ဒီည ကျွန်တော်တို့ ၂ ယောက်တည်းအိပ်ရမှာဆိုပေမဲ့ ကိုကိုရှိနေလို့မကြောက်ပါဘူး ။

အစောကြီးအိပ်မပျော်တာနဲ့ကွတ်ပျစ်ပေါ်မှာထိုင်နေတုန်း ကိုကိုကပါဘေးနားသို့ရောက်လာသည် ။

" လပြည့်ခါနီးမို့လို့နေမယ် ကိုကို … လမင်းကြီးက သိပ်လှတာပဲ … ဒီနေ့မှပိုပြီးလင်းထိန်နေတယ် "

" တကယ်တော့ လကနေ့တိုင်းလင်းပါတယ် … သူ့တာဝန်သူကျေပြီးသား … တိမ်တွေကြောင့်သာ သူ့ရဲ့ပုံစံကအမျိုးမျိုးပြောင်းနေရတာ … အဲ့အချက်က လူတွေရဲ့သဘာဝနဲ့လည်းတူတယ် … လူတစ်ယောက်ကို အများကသတ်မှတ်ပေးကြတဲ့ယူဆချက်တွေမတူညီသရွေ့ အဲ့လူကသူ့ဘာသာသူနေလည်း တခြားသူတွေအမြင်မှာတော့ပုံစံအမျိုးမျိုးဖြစ်နေအုံးမှာပဲ … ကောင်းတယ်မြင်ရင်လူကောင်းဖြစ်ပြီး ဆိုးတယ်လို့မြင်ရင်တော့လူဆိုးပေါ့ "

" ကျွန်တော်ကတော့ တခြားသူတွေအမြင်ကိုဂရုစိုက်မနေပါဘူး … ကိုယ်ပဲစိတ်ပင်ပန်းရတယ် … ဒါနဲ့ကိုကိုသိလား … သူများကို လက်ညိုးထိုးရင် ကိုယ့်ကိုကျန်တဲ့လက် ၄ ချောင်းက ပြန်ထိုးတာခံရတယ်တဲ့ … တကယ်တော့ အမှားကြီးဗျ … သေချာစမ်းစစ်ကြည့်ရင် ၃ ချောင်းပဲထိုးတာခံရတာလေ … ဒီမှာကြည့် "

ကိုကို့ထံသို့လက်ညိုးထိုးပြရင်းပြောတော့ ကိုကို့ဆီကနေခပ်ဟဟရယ်သံတိုးတိုးကိုကြားရသည် ။ လရောင်အောက်က သွားဖြူဖြူတန်းတွေပေါ်နေသောကိုကို့ရဲ့အပြုံးဟာ ရင့်သတ်ရှူမောစရာပါပဲ ။

ကျွန်တော် ကိုကို့ကိုငေးကြည့်နေတုန်း နှာခေါင်းတွင်းသို့ဝင်လာသော စူးရှရှချိုအီအီအနံ့တစ်မျိုး ။ သင်းပျံ့တယ်ဆိုပေမဲ့ ကြာကြာရှူမိရင်တော့ ခေါင်းနောက်တတ်သည် ။

သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္ဆာဝယ် [ ZG & Uni ] သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္Where stories live. Discover now