Episode ( 19 )

493 44 6
                                    

[ Zawgyi ]
---------------

" အစ်ကို သိပ်ရက်စက်တယ် !!! "

ပါးစပ်ကထွက်သွားတဲ့စကားလုံးထက် ရင်ဘတ်ထဲကနာကျင်မှုက ပိုပြီးစို့နင့်ရပါတယ် ။

မထင်ခဲ့ဘူး ... လုံးဝ မထင်ထားမိဘူး ။
အစ်ကိုက အဲ့လိုလူစားဖြစ်နေလိမ့်မယ်မှန်း ။
သူ့အပေါ် အဲ့လိုလုပ်ရက်ခဲ့လိမ့်မယ်မှန်း ။

မရင်းနှီးတဲ့ဖုန်းနံပါတ်တစ်ခုကနေ ပို့လာတဲ့လိပ်စာနဲ့အခန်းနံပါတ်ကိုမြင်တုန်းက ဘာကြီးလဲဆိုပြီးကြောင်နေခဲ့တာ ။ computer class ကအသိအမ ဖုန်းဆက်ပြီး link တစ်ခုပို့ပေးထားတယ် ဝင်ကြည့်လိုက်ဆိုတော့ နှိပ်မိသွားတဲ့ကိုယ်လက်ကိုယ်သာဖြတ်ပစ်ချင်သွားတယ် ။

ဧည့်ရိပ်သာတစ်ခုရှေ့မှာ လူ ၂ ယောက်နမ်းနေတဲ့ပုံ ။ ယောကျာ်းလေး ၂ ယောက်ဖြစ်နေတာက မအံ့သြရပေမဲ့ တစ်ဖက်လူဟာ ဝန်းရံချစ်မြတ်နိုးရတဲ့အစ်ကိုဖြစ်နေတာကိုမြင်လိုက်ရချိန် မယုံကြည်နိုင်ခြင်းတို့ဖြင့် ထိုင်နေရာမှထရပ်လိုက်မိသည် ။ ရင်တွေတလှပ်လှပ်တုန်ယင်လာတာက မနက်စာမစားရသေးလို့မဟုတ်မှန်း သူသိသည် ။ စောစောစီးစီးသယ်ဆောင်လာတဲ့ အမင်္ဂလာသတင်းက like တွေ share တွေတန်းစီလို့ ။ တုန်ယင်နေသောလက်အစုံနဲ့ fb ထဲသို့ဝင်လိုက်တော့ caption အမျိုးမျိုးဖြင့် တဆင့်ခံပြန်ရှယ်နေကြတဲ့သူတွေဆီိမှပုံများက မမြင်ချင်မှအဆုံး ပျံ့နှံ့နေပြီ ။

သူနဲ့ကောင်းမြတ်စာသင်ပေးရတဲ့ ပညာဒါန gp ထဲထိပါရောက်နေသော ထိုပုံတွေက အစ်ကိုနဲ့ဟိုကောင်လေးရဲ့ တရင်းတနှီးပုံတွေ ။ ၂ ယောက်သား bar မှာရှိနေတဲ့ပုံ ၊ ဟိုကောင်လေးကို အစ်ကိုတွဲခေါ်သွားတဲ့ပုံ ၊ ဧည့်ရိပ်သာရှေ့မှာနမ်းနေကြတဲ့ပုံ ၊ အဆောက်အအုံထဲကိုဝင်သွားတဲ့ပုံတွေဟာ ဘာကိုရည်ညွှန်းချင်သလဲဆိုတာ အားလုံးသိနေ မြင်နေ ရှင်းလင်းနေပြီးသား ။

ညတုန်းကပို့ပေးထားတဲ့လိပ်စာနဲ့အခန်းနံပါတ်အကြောင်းကိုသတိရသွားတော့မှ ကောင်းမြတ်ကိုဖုန်းဆက်ပြီး ထိုနေရာဆီသို့ အတူတူလိုက်သွားခဲ့ချိန် မမြင်ချင်ဆုံးမြင်ကွင်းတစ်ခုကိုတန်းမြင်လိုက်ရတော့သည် ။

သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္ဆာဝယ် [ ZG & Uni ] သီအိုရီမဲ့သော ... ချစ်ခြင်းပုစ္Where stories live. Discover now